မာတိကာသို့ ခုန်သွားရန်

ရတတ်လျှင် ဘုရားတည်၊ ကြွယ်မှ ကျောင်းဆောက်

ဝီကီပီးဒီးယား မှ

ရတတ်လျှင် ဘုရားတည်၊ ကြွယ်မှ ကျောင်းဆောက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ရတတ်လျှင် ဘုရားတည်၊ ကြွယ်မှ ကျောင်းဆောက်” ဆိုသည်မှာ “ရတတ်လျှင်” (အနည်းငယ် ချမ်းသာရုံမျှဖြင့်) “ဘုရားတည်” (ဘုရားစေတီ တည်ဆောက်ခြင်း) ပြုလုပ်နိုင်သော်လည်း “ကြွယ်မှ” (အလွန်ကြွယ်ဝချမ်းသာမှသာ) “ကျောင်းဆောက်” (ဘုန်းတော်ကြီးကျောင်း တည်ဆောက်ခြင်း) ပြုလုပ်နိုင်သည်ဟု ဆိုလိုသည်။ ဘုရားစေတီ တည်ဆောက်ခြင်းသည် ဘုန်းတော်ကြီးကျောင်း တည်ဆောက်ခြင်းထက် ကုန်ကျစရိတ် သက်သာသောကြောင့် အနည်းငယ် ချမ်းသာသူများပင် ပြုလုပ်နိုင်သော်လည်း ဘုန်းတော်ကြီးကျောင်း တည်ဆောက်ခြင်းသည် ကုန်ကျစရိတ် များပြားသောကြောင့် အလွန်ကြွယ်ဝချမ်းသာသူများသာ ပြုလုပ်နိုင်သည်ဟု ယူဆကြသည်။ ဤဆိုရိုးစကားသည် အလှူဒါနပြုလုပ်ရာတွင် မိမိ၏ စည်းစိမ်ဥစ္စာ အခြေအနေနှင့် လျော်ညီစွာ ပြုလုပ်သင့်ကြောင်းကို ဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "သာမန် ပစ္စည်းလုံလောက်ရုံမျှနှင့် ကျောင်းဆောက်ဖို့ မတတ်နိုင်ကြဘူး၊ အတော်ကြီးကြွယ်ဝမှ လှလှပပနှင့် ကျောင်းကြီးကို ဆောက်နိုင်ကြတယ်။ အဲသို့အတွက်ကြောင့် ရှေးလူကြီးများက ရတတ်လျှင် ဘုရားတည်၊ ကြွယ်မှ ကျောင်းဆောက်ဆိုတဲ့ စကားကို မိန့်ကြားတော်မူခဲ့ကြတာပေါ့၊" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၈] သာရီ၊ မ။ ၅၄။