ရန်ကုန်မြို့သစ်စီမံကိန်း
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှ အဆိုပြုသော စီမံကိန်းဖြစ်သည်။ အဆိုပြုမြေနေရာသည် ၄,၇၄၅ ဟတ်တာကျယ်ဝန်းပြီး လှိုင်သာယာ-တွံတေး မြစ်ကြောင်းလမ်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်အကြားတွင် ဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိဟုသော စွပ်စွဲချက်များကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အဆိုပါစီမံကိန်းကို ဆိုင်းငံထားခဲ့ရသည်။ ထိုစီမံကိန်းသတင်းကြောင့် ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုမှ မြေဈေးများ အဆမတန်မြှင့်တက်ခဲ့သည်။ ဆိုင်းငံကာလ ၁၀ လကျော်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ထိုစီမံကိန်းကို လက်ခံခဲ့သည်။[၁] ထိုစီမံကိန်းတွင် မြစ်ကူးတံတားကြီး ၆စင်းနှင့် မြို့အင်္ဂါရပ်နှင့်ညီသော အခြေခံအဆောက်အအုံများ ပါဝင်သည်။[၂] ထိုစီမံကိန်းသည် အစောပိုင်းတွင် ရန်ကုန်မြို့တော် ဖွံဖြိုးရေးစီမံကိန်း Master Plan အဖြစ် Japan International Cooperation Agency (JICA)မှ အဆိုပြုသော စီမံကိန်းတွင်လည်း မပါဝင်ပေ။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Myanmar's controversial new Yangon town expansion project to resume after suspension။
- ↑ Three companies submit tenders for Yangon New City Project။ 10 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2016 တွင် ပြန်စစ်ပြီး။
- ↑ JICA rejects link between master plan and ‘new city’ expansion။ 13 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
![]() | ဤ မြန်မာနိုင်ငံရှိ အဆောက်အဦများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |