ရဟန်းအဖေနှင့် ထန်းရေ
ရဟန်းအဖေနှင့် ထန်းရေ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။[၁]
အကြောင်းအရာ
[ပြင်ဆင်ရန်]အရက်ကြိုက်သော ထန်းတပင်နယ်၊ ညောင်ပင်ရွာ ကျောင်းဒကာ ဦးကောက်သည် ကျောင်းပြာဿဒ်နှင့် ဘုရားစေတီ တည်ထားကိုးကွယ်၍ သားသာမဏေကိုလည်း ပဉ္ဇင်းခံပွဲကျင်းပရာ ထိုပွဲတွင် ဦးကျော်လှဖွဲ့ဆိုသော ထန်းရေအလှူခံ သံချို ဖြစ်သည်။[၁]
ရဟန်းအဖေနှင့် ထန်းရေ
[ပြင်ဆင်ရန်]အရက်ကယ်ထန်းရေက၊ အသက် ရှေရောဂါ ကင်းသည့်ပြင်၊ ခံတွင်းဝယ်ငုံမိအုံးရုံနှင့်၊ နှလုံးတွင် ကြည်လင်လှသည်ဟု၊ သုံချင်ကြရွှင်ပြရုံ။
ဗုဒ္ဓတ္ထာ မြတ်စွာဘုရား၏၊ လေးပါး ပါရာဇိတွင်မှ၊ သူရာရည်အထူး မပါဘိသော်လဲ၊ ပုရိသေ ယောက်ျားသားတို့၊ သောက်စားလျှင်အမှားပင် မှတ်ပါရော့၊ များမြတ်စွာ သမ္ဗုဒ္ဓေါက၊ ဟောပေခဲ့တုံ။
ဒု − သု နှစ်ဖြာ အယူအဆတွင်မှ၊ သူရမေရာကို ထည့်လျှင်ဖြင့်၊ တဆယ့်ပြင် အပိုထပ်မည်ကြောင့်။ ဋီကာကျော် ဤအရာမှာလှပ်ခဲ့၊ ကြားမှတ်ကြများဗိုလ်ပုံ၊ နားချိုကုန်လူပေါင်း။
သေမလို မထေမဲ့နှင့်၊ သွေဖဲ့ကာ အသောက်ကြူးရင်ဖြင့်၊ ပေါက်လူးပုံ ဆင်နှာပြောင်ကဲ့သို့၊ ကြင်နာရောင် ရွှန်းကာဖြုန်းစေတော့၊ နှလုံးပါ နှုတ်လျှာတိမ်းတတ်သတဲ့၊ ဘင်းဘိန်းထန်းရေ သေအရက်တို့ကို၊ နေထွက်နေငင်ဆည်းဇာထိ၊ မနွမ်းမခွေ အသန်အဝေ နည်းစေတော့၊ ရဟန်းအဖေ ထန်းရေမမြီးရစ်ပါနှင့်၊ သည်းခံဘို့ကောင်း။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။[၁]