မာတိကာသို့ ခုန်သွားရန်

ရိုင်းစပါး

ဝီကီပီးဒီးယား မှ
ရိုင်းစပါး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Poaceae
မျိုးရင်းသေး: Pooideae
မျိုးဇာတ်: Triticeae
မျိုးစု: Secale
မျိုးစိတ်:
S. cereale
ဒွိနာမ
Secale cereale
Synonyms

Secale fragile M.Bieb.

ရိုင်းစပါး (Rye) သည် ဂျုံမုယောတို့နှင့် ဆင်တူသော ကောက် မျိုးဖြစ်၍ ဂရာမီနီးမျိုးရင်းတွင် ပါဝင်ပြီးလျှင် ရုက္ခဗေဒအလို အားဖြင့် ဆီကာလီဆီရီယေးဟု ခေါ်၏။[] ဥရောပတိုက် ပင် လယ်နက် မြောက်ဘက်ရှိအရပ်သည် ရိုင်းစပါးကို မူလစိုက်ပျိုး သော အရပ်ဖြစ်သည်ဟု ယူဆရသည်။ ရုရှ၊ ဂျာမနီနှင့် စကန် ဒီနေးဗီးယားနိုင်ငံတို့သည် ရိုင်းစပါးကို အများဆုံး စိုက်ပျိုး သော နိုင်ငံများ ဖြစ်သည်။ အာရှတိုက်မြောက်ပိုင်းနှင့် မြောက် အမေရိကတိုက်တို့၌လည်း ရိုင်းစပါးကို စိုက်ပျိုးသည်။ ရိုင်း စပါးသည် အခြားကောက်မျိုးများ မဖြစ်ထွန်းသော မြေညံ့အရပ် များ၌ စိုက်ပျိုး၍ ရသည်။ အခြားကောက်မျိုးထက် အအေးဒဏ် ကို ပို၍ ခံနိုင်၏။ အင်္ဂလန်ပြည် တောင်ပိုင်းတွင် ရိုင်းစပါးကို ကျွဲနွားစာအတွက် စိုက်ပျိုး၏။ သို့ရာတွင် ရိုင်းစပါး ရိုးတံ သည် မာလွန်း၍၎င်း၊ အဆိပ်အတောက် ဖြစ်စေသည့် မှိုရောဂါ ကျရောက်တတ်၍၎င်း ကျွဲနွားစာအတွက် မသင့်လှချေ။ ဥရောပတိုက် မြောက်ပိုင်းတွင် ရိုင်းမှုန့်ဖြင့် ပြုလုပ်သော ပေါင်မုန့်နက်ကို ယခုထက်တိုင် စားသုံးလျက် ရှိကြသည်။ အမေရိကတိုက်၌မူ ရိုင်းမှုန့်ကို ဂျုံမှုန့်၊ ပြောင်းမှုန့်တို့နှင့် ရော စပ်၍ မုန့်လုပ်ကြသည်။ ရိုင်းဆန်ကို မုယောပင်ပေါက်လုပ် ရန်နှင့် အရက်ချက်ရန်အတွက်လည်း အသုံးချသည်။ ရိုင်းစပါးပင် ကောက်ရိုးသည် ရှည်၍ ချောသဖြင့် ဦးထုပ်နှင့် ဖျာရက်လုပ်ရာ၌ အသုံးဝင်သည်။ အိမ်မိုးရန် အတွက်လည်း အသုံးချကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Forage Identification: Rye (September 26, 2017)။ 18 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 26, 2017 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)