လင်
မန်လည်ဆရာတော် ဘုရားသည် လင်ဟူသောဝါဟာရကို ပီပီပြင်ပြင် စကားရွှင်ရွှင်နှင့်ပင် အဘိဓာန် ဖွင့်သွားတော်မူ၏။ ဘယ်လိုသတ္တဝါမျိုးကို လင်ခေါ်လေသနည်း။ ပဒုမပြဇာတ်မှာပင် "လင်" ဟူသောစကားလုံး၏အနက်ကို သဘောပေါက်လွယ်အောင် ကောက်ခါငင်ကာ ဖွင့်ထားခဲ့သည်ကား"လင်"ယောက်ျားကို လင်ဆိုသည်မှာကား ထိုမယားတို့ အယားစိတ်ဝင်၊ ယားမရွှင်က ကြည်လင်စေသောအားဖြင့် တကားကားနှင့်ယောက်ျားဓမ္မတာ နေ့နေ့ညည၊ ထိုကိစ္စကို လုံ့လပြုတတ်ရှာ၍ လင်ဟူပါသည်။ လူ့အခေါ်မှတ်ကြ။
အလုပ်မအားအောင် များနေ၍ ပင်ပန်း၍ ဝတ်ချင် စားချင်၍ ပွဲလမ်းသဘင်သွား ချင်၍ စိတ်လက်မရွှင် မကြည်လင်ဖြစ်နေသော မယားကို (ဝါ) ဟိုသင်းကြောင့် ယားရ၊ သည်သင်းကြောင့်ယားရနှင့်တကိုယ်လုံး ယား၍ မကြည်မလင် ဖြစ်နေသော မယားကို ကြည်လင်စေတတ်သောကြောင့် လင်ယောက်ျား ဖြစ်သူသည် မယားတယောက် ဝမ်း မြောက်ကြည်လင်၍ တရွှင်ရွှင်ဖြစ်နေစေရန်အတွက် နေ့ညမရှောင် အလုပ်လုပ်ရသည်။ ထိုကြောင့် ယောက်ျားကို လင်ဟုခေါ်ကြောင်းကို ဆိုသည်။ တဖန် လင်နှင့်မယားတို့၏ အညမညသဘောကို ဆရာတော်က ဆက်၍ ပြောပြန်သည်မှာ-မယားနှင့်လင်၊ ပျော်ပါးရွှင်သည်၊ ဝမ်းတွင်တောင့်ပါမှ။ ဝမ်းမဝ၍ မထနိုင်ကြလျှင်၊ ထိုယောက်ျားလည်း မယားနိုင်ကြ၊ မယားကလည်း မိန်းမယားမြဲ မယားနိုင်ပဲ သည်လင်လဲ မလင်ချင်ဘူး လင်မယားနှစ်ယောက်၏ပျော်ရွှင်မှု၊ စိတ်နှလုံးချမ်းမြေ့မှု၌ အဓိကအချက်မှာ ဝမ်း ရေးဖြစ်လေသည်။ အူမçတောင့်ဖို့အရေးကြီးသည်။ လူလောကတွင် အူမတောင့်တောင့်နှင့် မကြောင့်မကြ နေနိုင်ရေးအတွက် မယားကလည်း မယားအလျောက်။ လင်ကလည်း လင့် အလိုက် ထိုက်ထိုက်တန်တန် လင်တထမ်း၊ မယားတရွက်ဆိုသကဲ့သို့ အလုပ်လုပ်ကြရမည်။ လင်နှင့်မယား နှစ်ယောက်စလုံး မလုပ်မကိုင်ပဲ ထိုင်နေမည်ဆိုသောမယားလည်း ယားနိုင် မည်မဟုတ်။ လင်လည်း လင်နိုင်မည်မဟုတ်။
ထို့ကြောင့် ယားနိုင်၊ လင်နိုင်လာအောင် မယားကလည်း မယားနှင့်တန်သောအ လုပ်ကို လုပ်၊ လင်ကလည်း လင်နှင့်တန်သောအလုပ်ကို ယောက်ျားတို့၏ဇွဲမာန်ဖြင့် မတွန့် မဆုတ် ကြိုးစား၍ လုပ်ကြ။ ကိုယ်စီကိုယ်ငှ အလကားမနေပဲ ယားကြဟုဆိုလိုသည်။[၁]
လင်ကောင်းတစ်ဦးသည် မိမိ၏ ဇနီးအပေါ် ချစ်ခင်လေးစားမှုရှိရုံသာမက ဇနီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်။ ဇနီးသည် ဘဝတွင် စိတ်ချမ်းသာစွာ နေထိုင်နိုင်ရန် လင်တွင် တာဝန်များစွာရှိသည်။ လင်ကောင်းတစ်ဦးအတွက် အဓိကကျသော ကျင့်ဝတ်များကို ပါထိကဝဂ်နှင့် ၎င်းအဋ္ဌကထာအတိုင်း အောက်တွင်ဖော်ပြထားပါသည်။[၂]
၁. လေးစားမှု [၃]
[ပြင်ဆင်ရန်]လင်သည် ဇနီးအား ရိုသေလေးစားရမည်။ "မိန်းမ"၊ "ကျွန်မ" စသည်ဖြင့် နှိမ့်ချသော စကားလုံးများဖြင့် မခေါ်ဆိုရပါ။ "မိခင်"၊ "မယား" စသည်ဖြင့် လေးစားဖွယ် စကားလုံးများဖြင့် ခေါ်ဆိုရမည်။ ဇနီး၏ အမြင်ကိုလည်း လေးစားစွာ နားထောင်ပေးရမည်။
၂. မထီမဲ့မြင်ပြုခြင်း [၄]
[ပြင်ဆင်ရန်]လင်သည် ဇနီးအား မထီမဲ့မြင် မပြုရပါ။ အခြားသူများရှေ့တွင် ဇနီးအား အရှက်ခွဲခြင်း၊ နှိမ့်ချခြင်းမျိုး မပြုလုပ်ရပါ။ ဇနီး၏ အမှားကို ထောက်ပြလိုပါကလည်း နှစ်ဦးတည်း တည်ငြိမ်စွာ ပြောဆိုရမည်။
၃. သစ္စာရှိခြင်း [၅]
[ပြင်ဆင်ရန်]လင်သည် ဇနီးအပေါ် သစ္စာရှိရမည်။ အခြားသော မိန်းမများနှင့် ဖောက်ပြန်ခြင်းမျိုး မပြုလုပ်ရပါ။ ဇနီးအား တစ်ဦးတည်း ချစ်မြတ်နိုးပြီး သစ္စာရှိစွာ ပေါင်းသင်းရမည်။
၄. အခွင့်အာဏာကို စွန့်လွှတ်ခြင်း [၆]
[ပြင်ဆင်ရန်]လင်သည် ဇနီးအား အိမ်မှုကိစ္စများတွင် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးရမည်။ ဇနီး၏ ဆန္ဒနှင့်အညီ ဆောင်ရွက်ခွင့် ပေးခြင်းဖြင့် ဇနီးအား ယုံကြည်မှုနှင့် လေးစားမှု ပြသရမည်။ ဥပမာ - ချက်ပြုတ်ရေးတွင် ဇနီးအား လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခြင်း။
၅. အလှဆင်ပေးခြင်း [၇]
[ပြင်ဆင်ရန်]လင်သည် မိမိ၏ ဇနီးအား တန်ဖိုးထားသော လက်ဆောင်ပစ္စည်းများ ပေးခြင်းဖြင့် ဂုဏ်ပြုရမည်။ မိမိ၏ စွမ်းနိုင်သရွေ့ ဇနီးအား လှပသော အဝတ်အစားများ၊ အဆင်တန်ဆာများ ပေးဆင်ပေးရမည်။
ဤဖော်ပြပါ လင်ကျင့်ဝတ်များသည် လင်နှင့် ဇနီးတို့အကြား ချစ်ခင်လေးစားမှု၊ အပြန်အလှန် ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံထားပါသည်။ ဤကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လင်သည် ဇနီးအား ဘဝတွင် စိတ်ချမ်းသာစွာ နေထိုင်နိုင်ရန် ဖန်တီးပေးနိုင်ပြီး ဇနီးသည်လည်း လင်အပေါ်တွင် သစ္စာရှိစွာဖြင့် သာယာသော မိသားစုဘဝကို တည်ဆောက်နိုင်ပါသည်။
လင်ကျင့်ဝတ်ငါးပါး
[ပြင်ဆင်ရန်]- မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
- မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
- မြတ်နိုးကျင်၊ ငါးအင်လင့်ကျင့်ရာ။
- (သင်္ဂဇာဆရာတော်)