လမ်းမတော်ဖိုးတုတ်
လမ်းမတော်ဖိုးတုတ | |
---|---|
![]() | |
မွေးဖွား | ဘိုးတုတ်(ခ)ဖိုးတုတ် 1898 ပဲခူး,ကမာစဲရွာ ကိုလိုနီခေတ် |
ကွယ်လွန် | ဒီဇင်ဘာ ၂၆၊ ၁၉၄၄ မြောင်းမြအကျဉ်းထောင်ဆေးရုံ | (အသက် ၄၅–၄၆)
မိဘ(များ) | စံငြိမ်း ချစ်ပု |
လမ်းမတော်ဖိုးတုတ်သည် ကိုလိုနီခေတ်ဦးကာလက တရုတ်တန်း ခေါ် လမ်းမတော်ရပ်ရှိ ထင်ရှားသည့် လူမိုက်တဦး ဖြစ်သည်။ [၁][၂] ၂၀ ရာစုအစောပိုင်းတွင် ဖြစ်ပွားသော ကုလား-ဗမာအရေးအခင်းများတွင် ပါဝင်ခဲ့ပြီး မျိုးချစ်ပုဂ္ဂိုလ်အဖြစ် လူသိများသည်။ ဘာသာတရား ကိုင်းရှိုင်းသူ၊ စိတ်ရင်းစေတနာ ကောင်းသူလည်း ဖြစ်ပြီး ပုလိပ်အဖွဲ့ (ရဲတပ်ဖွဲ့) ကို များစွာ အကူအညီ ပေးခဲ့သည်။ ရဲမင်းကြီးဟောင်း ဦးခင်မောင်၏ မှတ်တမ်း၌
“ကျွန်တော် အုပ်ချုပ်ခဲ့ရသော လမ်းမတော် တိုက်နယ်တွင် ဖြစ်ပျက်ခဲ့သော ရာဇဝတ်မှု အများအပြားတွင် အမှုစစ် အရာရှိများသည် ဦးဖိုးတုတ်၏ အကူအညီဖြင့် အမှုများမှ အလိုရှိသော တရားခံများ၊ သက်သေပစ္စည်းများ၊ သက်သေခံ စသည်တို့ကို ရယူကြရ၏။”
ဟူ၍ ဖော်ပြသည်။ [၃] ထိုကာလများတွင် လူငယ်တိုင်းသိသူဖြစ်ပြီး အားကျရိုသေကြ၏။ [၄]
== ငယ်ဘllllခုတွင် ပဲခူးဒိစတြိတ်၊ ကမာစဲရွာ၌ ဦးစံညိမ်း၊ ဒေါ်ချစ်ပုတို့မှ ဖွားမြင်သည်။ဖိုးတုတ်သည်ငယ်စဉ်အခါက ရွာဦးကျောင်းဆရာတော် အရှင်လောကိန္နိတထံ ကျောင်းပညာကို လေ့လာဆည်းပူးခဲ့သည်။
လူမိုက်ဖြစ်လာခြင်း
[ပြင်ဆင်ရန်]အလုပ်ကြမ်းသမားအဖြစ် ကျင်လည်ရင်း ဘဝအချိုးအကွေ့များကြောင့် နေထိုင်ရာ လမ်းမတော်ရပ်တွင် လူမိုက်ဖြစ်လာသည်။
ရဲဘော်သုံးကျိပ်တို့ ဟိုင်နန်သို့သွားကာ စစ်ပညာသင်ရန် ခရီးစရိတ်ရှာစဉ်က ဘိုးတုတ်မှာ အလှူငွေ အများဆုံးထည့်ဝင်သူတည်း။သူသည် မတ်စတီးခန်း ဗိုလ်တစ်ထောင်ငမိုး၊ ဂန္ဓမာသောင်းရီတို့နှင့်ခေတ်ပြိုင်ဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဂျပန်ခေတ်တွင် ဒေါက်တာဘမော်အစိုးရက လုံခြုံရေးကိစ္စရပ်များကြောင့် ကျော်ဇောသူများကို ထိန်းသိမ်းရာ ဖိုးတုတ်မှာ မြောင်းမြထောင်သို့ အပို့ခံရသည်။ ၁၉၄၄ ခု၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ထောင်ဆေးရုံ၌ပင် ကွယ်လွန်၏။
အခြား ဆက်စပ်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "The Guys of Rangoon 1930 Archived 28 July 2020 at the Wayback Machine.". The Myanmar Times. 26 June 2020.
- ↑ "ပုလိပ်မင်းကြီး၊ လမ်းမတော်ဖိုးတုတ်နဲ့ ဒေဝဒတ်သာသနာ[လင့်ခ်သေ]". Democratic Voice of Burma (in Burmese). 19 June 2019.
- ↑ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင်လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၂၀။
- ↑ "လူမိုက်ကြီး လမ်းမတော် ဖိုးတုတ်နှင့် သူ၏ ကိုယ်ရေး ရာဇဝင် (ဖြစ်ရပ်မှန်) (စ/ဆုံး)[လင့်ခ်သေ]". Lotaya (in Burmese). 8 November 2018.