မာတိကာသို့ ခုန်သွားရန်

လေးဆယ့်ငါးထွေ မြင်းတို့ဗွေ

ဝီကီပီးဒီးယား မှ

လေးဆယ့်ငါးထွေ မြင်းတို့ဗွေ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

[ပြင်ဆင်ရန်]

လေးဆယ့်ငါးထွေ မြင်းတို့ဗွေ

[ပြင်ဆင်ရန်]

အရင်းခံ မြင်းကြန်ထွက်ကယ်နှင့်၊ မှန်ချက်ဗွေ၊ သက်သေနှုန်းလိုက်တော့၊ မျက်လုံးဝယ် ဗဟိုတည့်စေရ၊ ထိုသည့်ဗွေ အောက်ခြေလျောလို့၊ နှာကြောတွင် ဗွေမြင်ပြန်ခဲ့လျှင်၊ မျက်ရည်ခံနှစ်တန်ထွက်လိမ့်၊ မှန်ထက်တွင်ဗွေတလုံးနှင့်၊ နှစ်လုံးပင်စင်လှာတို့ခဲ့လျှင်၊ တစို့ဗေကျမ်းဂန်မှတ်ခဲ့၊ ပန်းချပ်ဗွေဆံပင်ရိပ်နှင့်၊ လိပ်စရို ထိပ်မိုတွင်တွေ့လိမ့်၊ လက်ဖွေ့ဆိုင်ဗွေနှစ်လုံးနှင့်၊ သုံးလုံးပြိုင်မြခုံလောက်တဲ့၊ နားပေါက်တွင်ငိုသံနာနှင့်၊ နားအောက်မှာ ငိုသံကြားငဲ့ပြင်၊ နားဖျားနေ ဗွေတန်ဆောင်တို့၊ အရှေနောင်အကျိုးမျှော်ဆလို့၊ ဖိုးကျော်လှဆိုသည့်စာ။

နှုတ်တံဆိပ်ကယ်က၊ နှုတ်ထိပ်တွင်သူနေလို့၊ မုတ်ဆိတ်ဗွေအောက်ညှာမေးနှင့်၊ အစာကျွေးလျှင်ကြားမြင်ခက်စေဘို့၊ စခွက်ဗွေပုံသေနှိပ်ခဲ့၊ ပါးချိတ်စွယ်နယ်အနီးတွင်မှ၊ ပါးဒီးဗွေပါးပြင်နှစ်ဖက်တဲ့၊ နားရွက်အပေါ်ခေါ်နစောင့်နှင့်၊ အာထောင့်စောင်၊ အာပေါင်ညွန့်က၊ ဇက်ခွန့်ဗွေထိုမှာတည်လိမ့်၊ ရွှေချူတမည်၊ ဆည်လည်ဝတ်က၊ လယ်ညွတ်ခွေ၊ ရေမျိုအောက်က၊ ဂွမ်းပေါက်လို၊ ဖြူတုံလာခဲ့ရင်၊ ပဒုမ္မာကြာသမုတ်ကြ၊ ကြဆုပ်မှာ ဂုတ်ညှာကဆင်းခဲ့၊ လည်ပင်းတွင် ပြင်အဖက်ကယ်က၊ အထက်ကိုတခါဆန်တော့၊ သန်လျက်ခံသန်လျက်ထမ်းနှင့်၊ အလှမ်းမှာထွာတညိုတဲ့၊ သာမပိုမောက်တိုရိပ်ကဲ့ပြင်၊ မြုံထိပ်တွင်မင်အကူးက၊ ကဦးဗွေသူတမျိုးနှင့်၊ တင်ပစောင်းဝယ်စွန်းနရန်းက၊ မြီးပြန်ဗေသူတဖုံနှင့်၊ အမြီးအုံလှန်ကာဖွေခဲ့ရင်၊ ၎င်းအနေဆောင်ဗွေရစ်တဲ့၊ ခြေဆစ်ချွန်၊ နွံမဆင်းပေဘု၊ ပေါင်အတွင်းတွင် ထောင်ကာတန်းလို့၊ မျှောင်သန်းသည်သပွတ်ဆွဲနှင့်၊ ခွေးဆွဲဗွေ ပေါင်တွင်နောက်က၊ မစင်ပေါက်ဝယ်၊ ပင်လယ်လှဲ့လို့၊ ပါခဲ့လျှင်သည်ဗွေမျိုးတို့၊ ငွေအဖိုးမတန်မဝယ်အပ်ဘု၊ ဆိုးတတ်လှပါ။

အထက်မှာလက်ညှာအတွင်းက၊ ပါးရင်းဗွေသင်းခွေပန်းကဲ့သို့၊ ကင်းသန်းဗွေပေါ်လှာပြန်ကဲ့ရင်၊ သုံးထပ်ခံရွှေကြာကြီးတဲ့၊ ခွာသီးပေါ်ဗွေကနက်နှင့်၊ လက်ဆစ်ခွေ၊ မျက်ရည်သုတ်ခဲ့ပြင်၊ ရင်အုပ်နယ်၊ လည်တိုင်ပြန့်တွင်မှ၊ ကန့်လန့်နေဗွေတံကျင်နှင့်၊ လက်မောင်းတွင် တွင်းပြင်ချဲ့လို့၊ လက်ဖွဲ့ဗွေ မည်နာမံငဲ့ပြင်၊ ဗွေအဲ့ခံလက်ပြင်ရင်းက၊ နင်းဆင်းမှာ ဆင်ရာဘတ်တဲ့၊ နင်းတက်ဝယ် ဘယ်နံဘေးက၊ မဝေးပေါင်၊ ချစ်ခုံစွန်းနှင့်၊ ဗိုက်ဝမ်းရေ ဂဟေစပ်တွင်မှ၊ ခရုပတ်ဗွေ၊ လိုက်ကာရှောက်လိုက်တော့၊ ဗိုက်အောက်တွင်ရှေ့ရင်ဒူးထိ၊ သင်ဖူးဗွေ ထိုကဆုတ်ခဲ့ရင်၊ သိုမှုတ်ဆို၊ သိုအိမ်ရှေ့နှင့်၊ လိန်ကွေ့လယ်၊ ထိုနယ်စပ်တွင်မှ၊ သိုစပ်ပါ၊ မှတ်စရာ ဆုံးကြပေါ့၊ နှလုံးခွံငယ်လို့မရှိပါ၊ အတိတာမူဟောင်း။

သကောင်တင်၊ ခတောင်နှစ်ဖက်ကဲ့သို့၊ အကွက်ပင်မြင်ကြအုံးလိမ့်၊ ကကုန်အသွင်၊ မြင်တပုံနှင့်၊ တင်ပဆုံဖြူလို့ ဖွေးရင်ဖြင့်၊ လူရွေးချယ်၊ သူဌေးသကြွယ်တို့ မကြိုက်ပေဘု၊ ခွေးမိုက်အသွင်၊ ဖခင်ကိုစားလို့၊ ကြင်သွားရာ၊ အဖျားလျှာနှင့် ရက်ရင်ဖြင့်၊ စွာထွက်မှာ သဒ္ဒါပြန်တဲ့၊ ဒွါရံကို၊ ဝါဠံဝင်ခဲ့ရင်၊ သဒ္ဒါဝင် ခွာကြဉ်မှီးရမတဲ့၊ မြင်းထီးငယ်၊ အစွယ်ပရင်ဖြင့်၊ ဟိုင်းခေါ်သည်၊ နှိုင်းမျှော်ဆပါတော့၊ မြင်းမငယ်၊ အစွယ်ဖူးရင်ဖြင့်၊ ဘီလူးပင်အထူးအထင်လျားတဲ့၊ ဗွေရွေးချယ်၊ လေးဆယ်ငါးထိ၊ ရှေးဌကထာညီ၊ ရေးကာသားလိုက်တဲ့၊ များမှတ်စိမ့်ကြောင်း။

မှတ်ချက်

[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။