မာတိကာသို့ ခုန်သွားရန်

သက်ပန်းမိဖုရား

ဝီကီပီးဒီးယား မှ

သက်ပန်းမိဖုရားကြီး ကို၁၁၉၄ခုတွင်ဦးသာဖြူ (ကနောင်-မြန်အောင်နှစ်မြို့ဝန်) နှင့် ဒုဝန်ကတော်သခင်ကြီးသမီးခင်ဦးရှင်မ ကဖွားတော်မှုခဲ့ပါတယ်။

သက်ပန်းမိဖုရားကြီးဟာ လင်ပန်းမိဖုရားကြီးရဲ့ ညီမတော်အရင်းဖြစ်ပြီး မြောက်နန်းမိဖုရားကြီးခင်သဲ နဲ့လဲ ဖအေတူ အမေကွဲ ညီမတော်စပ်ပါတယ်။ တဖန် သရစိမ်းမိဖုရားကြီးနဲ့လဲ မအေတူ ဖအေကွဲ ညီမအစ်မတော်စပ်ပြန်တဲ့အတွက် သက်ပန်းမိဖုရားကြီးတို့ ညီအစ်မတတွေဟာ မိဖုရားမျိုးနွယ်တွေလို့ဆိုရအောင် မင်းတုန်းမင်းကြီး လက်ထက် အနောက်နန်းဆောင်မှာ အင်အားတောင့်တင်းခဲ့ကြ၍အာဏာလွှမ်းနိုင်သူတွေဖြစ်ပါတယ်။

သက်ပန်းမိဖုရားဖြစ်လာမည့် ခင်သက် ကို မင်းတုန်းမင်းကြီးနန်းရတဲ့အခါမှာ "သီရိသုစန္ဒာမဟေ" ဘွဲ့နဲ့မိဖုရားမြှောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ "သုသီရိရတနာဒေဝီ"ဘွဲ့ပေးလို့ ဒေဝီဘွဲ့ခံ မိဖုရားကြီးဖြစ်လာခဲ့ပါတယ်။

သက်ပန်းမိဖုရားကြီး ဟာ အလွန်စိတ်ကောင်းရှိပြီးဘာသာတရားကိုင်းရိူင်းတဲ့မိဖုရားကြီးတစ်ဦးဖြစ်ပါတယ်သူမရဲ့တူမတော် စလင်းစုဖုရားဟာလည်းကလေးဘဝထဲက မိဖုရားကြီးရဲ့ဆုံးမသွန်သင်မှုအောက်မှာသာကြီးပြင်းခဲ့ရသောမင်းသမီးတစ်ပါးဖြစ်သည့်အတွက် မိဖုရားကြီးနည်းတူ ဘာသာရေးမှာအလွန်ကိုင်းရှိူင်းသောမင်းသမီးတစ်ဦးလည်းဖြစ်ခဲ့ပါတယ် တူမတော် နောင်းမွန်ထိပ်ခေါင်တင်နှင့် မိုင်းလုံထိပ်ခေါင်တင် တို့ဟာမိဖုရားကြီးရဲ့အချစ်ရဆုံးတူမတော်တွေဖြစ်ခဲ့ပါတယ်[]

သက်ပန်းမိဖုရားကြီးတို့ဟာ သာမန်အရပ်သူ တွေဖြစ်ပေမယ့် သူတို့ရဲ့ မိခင်ဟာ မွန်အမျိုးအနွယ်မလို့ လင်ပန်း၊ သက်ပန်း၊ သရစိမ်း မိဖုရားကြီး သုံးပါးဟာလည်း မင်းတုန်းမင်းရဲ့ မွန်မိဖုရားတွေလို့ဆိုရင်မှားမယ်မထင်ပါဘူး။

သက်ပန်းမိဖုရားကြီးဟာ ရွှေကူမင်းသား၊ မိုးလှိုင်မင်းသားနဲ့ တောင်ညိုမင်းသား ဆိုပြီး သားတော်သုံးပါးဖွားမြင်ခဲ့ပေမယ့်လို့ သူ့ရဲ့ ညီအစ်မတွေလို ဘုရင်ရဲ့ မြတ်နိုးမှု့ကိုရခဲ့ဟန်မတူပါဘူး။

သူ့ရဲ့ အစ်မတော်ကြီး မြောက်နန်းမိဖုရားဆိုရင် သားသမီးမထွန်းကားခဲ့ပေမယ့် အနောက်နန်းတခုလုံးမှာ မင်းတုန်းမင်းရဲ့ မင်္ဂလာအိမ်တော်ပါမယားကြီးရယ်လို့ မိဖုရားခေါင်ကစပြီး နေရာပေး အလေးထားခံခဲ့ရပါတယ်။

အစ်တော် လင်ပန်းမိဖုရားကြီးရဲ့ သားတော်ကျပင်းမင်းသား နဲ့ သမီးတော် စလင်းစုဖုရားဆိုရင် လည်းမင်းတုန်းမင်းကြီးရဲ့ အချစ်ဆုံးသား နဲ့သမီး ဖြစ်ရရုံသာမက ကျပင်းကိုယ်တော်ကြီးကမွေးဖွားတဲ့ မြေးတော်မင်းသားလေးဆိုရင်လည်း ဘိုးတော်ချစ်မင်းသားလေးရယ်လို့ နာမည်ကြီးတဲ့အထိဖြစ်ခဲ့ရပါတယ်။

ညီမတော် သရစိမ်းမိဖုရားကြီး ဆိုရင်လည်း ဘဏ္ဍာစိုး ရာထူးပေးရုံမက သူ့ရဲ့ သမီးတော်သုံးပါးလုံး "ဃနမတ္တက" အဆင်တန်ဆာကိုဆင်ရသည်အထိ အရေးပေးခံရတဲ့သူဖြစ်ခဲ့ပါတယ်။

ထိုနောက် ဗမာ့နန်းတွင့်အရှူပ်တော်ပုံများတွင် စိတ်ဓာတ်ထက်မြတ်လှသောလင်ပန်းမိဖုရားကြီး နှင့် သက်ပန်းမိဖုရားကြီတို့ ညီအစ်မဟာ အဖမ်းဆီးခံခဲ့ရပြီး သက်ပန်းမိဖုရားကြီးရဲ့ သားတော်သုံးပါးစလုံးဟာ သူတို့ရဲ့ မြောက်သားတော် (ကြင်ယာတော်)တွေနဲ့တကွ အကုန်အသတ်ခံရလို့ သက်ပန်းမိဖုရားကြီး မျိုးဆက်ဟာ ပြတ်တဲ့အထိဖြစ်ခဲ့ပါတယ်။

ကံကောင်းတာကတော့ သက်ပန်းမိဖုရားကြီးရဲ့ သားတော်အငယ်ဆုံး တောင်ညိုမင်းသားရဲ့ ရင်သွေးတော်ကို လွယ်ထားရတဲ့ ယိုးဒယားသူ(ကိုယ်လုပ်တော်)မယ်ယာ က သူ့မရဲ့အစ်ကိုတော်အကူအညီနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ ရပေမယ့် ထိုင်းမြန်မာနယ်စပ် ကျောက်ခေါင်း အရပ်မှာပဲနေထိုင်ခဲ့ရပါတယ်

အင်္ဂလိပ်လက်ထက်မှာ လင်ပန်း၊ သက်ပန်း၊ သရစိမ်း ဆိုတဲ့မိဖုရားညီအစ်မသုံးဖော်ကို ရန်ကုန်အိမ်တော်ကိုပို့ဆောင်ခဲ့ပြီး သက်ပန်းမိဖုရားကြီးဟာလည်း ကျန်မိဖုရားများနည်းတူ ပင်စင် ၁၅၀နဲ့ အိမ်လခ ၆၀ရခဲ့ပါတယ်။ အစကနဦးမှာ သူ့ရဲ့ညီမတော် သရစိမ်းမိဖုရားကြီး နဲ့အတူနေခဲ့ပေမယ် နောက်ပိုင်းမှာ သူ့ညီမတော်သရစိမ်းမိဖုရားက ပြောင်းရွှေ့ခဲ့တဲ့အတွက် သက်ပန်းမိဖုရားကြီးဟာ ဘဒ္စ်လမ်းက စံအိမ်တော်မှာ မုဆိုးမမိဖုရားအိုကြီး တစ်ပါးတည်းသာ အခြွေအရံအနည်းအကျဉ်းနဲ့နေထိုင်ခဲ့ရပါတော့တယ်။

သက်ပန်းမိဖုရားကြီးဟာ ၁၂၆၁ခုနှစ် သက်တော် ၆၇နှစ်အရွယ်မှာ လေနာရောဂါနဲ့ ကံတော်ကုန်ပြီး ငါးထပ်ကြီးဘုရားအနီးက ဝင်္ကပါရေလယ်ကျောင်းတိုက်နားမှာ ညီမတော် သရစိမ်းမိဖုရားဝယ်ယူထားတဲ့မြေနေရာမှာ အုတ်နန်းပြဿဒ်ပြုလုပ်ထားခဲ့ပါတယ်။

မင်းတုန်းမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ သက်ပန်းမိဖုရားကြီးဟာ လောကရဲ့ ဆန်းကြယ်တဲ့ ကံ ကြမ္မာနဲ့ သာမန်အရပ်သူကနေ ဒေဝီဘွဲ့ခံ မိဖုရားကြီး ဘဝရောက်ခဲ့ရပြီး သားတော်သုံးပါးဖွားမြင်ခဲ့ပေမယ့် ဆိုးရွားလှတဲ့ ကံတရားကြောင့် သားတော်အကုန်အသတ်ခံခဲ့ရလို့ မိဖုရားကြီးမျိုးဆက်ဟာလဲပြတ်လုနီးပါးဖြစ်ခဲ့ရပါတယ်။မိဖုရားကြီး၏သားတော်ကြီးရွှေကူမင်းသားနှင့်ဆင်ရှင်မင်းသမီးတို့စုံမက်ရာ သားတော်၁ပါး၊သမီးတော်၄ပါးထွန်းကားခဲ့၍ကျန်ရှိခဲ့သဖြင့်

ရွှေကူမင်းသားကြီး၏မျိုးဆက်မှာ မပျက်ခဲ့ပေ

မိဖုရားကြီးရဲ့သားတော်အငယ်တောင်ညိုမင်းသား၏မျိုးဆက်(မိဖုရားကြီး)၏မြေးတော်ထိပ်တင်

ကြည်ကြည်ခင်ကို အဂ်လိပ်လက်ထက်တွင် အဂ်လိပ်အစိုးရထံမြေးတော်အတွက်(၁၂)ရူပီး ကိုပညာသင်ကြားရေးအတွက် ထောက်ပံ့ပေးရန်အဆိုတင်သွင်းရာ အဂ်လိပ်အစိုးရ ကလက်ခံကာ ထောက်ပံခဲ့သည်

သူသည် မောင်ခင်မြင့်ဖေ(ကျောက်ခေါင်း)နှင့် တန်ခူးလပြည့်ကျော်(၄)ရက်တွင်ရေစင်သွန်းဖြန်းကာလက်ဆက်လိုက်သည်

ကိုကား

ကုန်းဘောင်ဆက်

  1. ...