မာတိကာသို့ ခုန်သွားရန်

သင်္ဘောကုက္ကို

ဝီကီပီးဒီးယား မှ
ဆမေးနီးယား ဆာမန်
ဟာဝိုင်ယီ မွာနာလွာဥယျာဉ် (Moanalua Gardens)ရှိ ဟီတာချီသစ်ပင်ဟု ခေါ်သော သင်္ဘောကုက္ကိုပင်တစ်ပင်

လုံခြုံမှုရှိ  (NatureServe)[]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: ဖယ်ဘေးစီး
Clade: Mimosoid clade
မျိုးစု: ဆမေးနီးယား
မျိုးစိတ်:
ဆ. ဆာမန်
ဒွိနာမ
ဆမေးနီးယား ဆာမန်
Synonyms[]
သင်္ဘောကုက္ကိုပင်တစ်ပင်

သင်္ဘောကုက္ကို (အင်္ဂလိပ်: rain tree) သို့မဟုတ် သိပ္ပံအမည် ဆမေးနီးယား ဆာမန်(Samanea saman) သည် ပဲမျိုးနွယ်ဖြစ်သည့် ဖယ်ဘေးစီးမျိုးရင်းတွင်ရှိသော ပန်းပွင့်သော အပင်မျိုးစိတ်ဖြစ်သည်။ ယခုလက်ရှိ မီမိုးဆွိုက်အုပ်စု (Mimosoid clade)တွင်ပါဝင်ပြီး၊[] ဗဟိုအမေရိကနှင့် တောင်အမေရိက ဇာတိဖြစ်သည်။[]

ပုံသဏ္ဌာန် ဖော်ပြချက်များ

[ပြင်ဆင်ရန်]

အပင် ပုံသဏ္ဌာန်

[ပြင်ဆင်ရန်]

သင်္ဘောကုက္ကိုသည် ကျယ်ဝန်းပြီး အချိုးကျသော ထီးပုံစံသရဖူပါရှိသည့် အပင်ကြီးတစ်မျိုး ဖြစ်သည်။ ၎င်းသည် အများအားဖြင့် ၁၅-မီတာ မှ ၂၅-မီတာ (၄၉-ပေ မှ ၈၂-ပေ)အထိ မြင့်လေ့ရှိပြီး နှင့် အချင်းအားဖြင့် ၃၀-မီတာ (၉၈-ပေ)ထိ ရောက်ရှိနိုင်သည်။[] ဖယ်ဘေးစီးမျိုးရင်းတွင်ရှိပြီး ပန်းပွင့်သော ဤအပင်မျိုးစိတ်သည် ဗဟိုအမေရိကနှင့် တောင်အမေရိကတွင် သဘာဝအလျောက် ပေါက်ဖွားသော်လည်း၊ အပူပိုင်းဒေသများတစ်လျှောက် အထူးသဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့သို့ သယ်ယူစိုက်ပျိုးခဲ့သဖြင့် ၎င်းဒေသများတွင်လည်း နေရာအနှံ့အပြားတွင် တွေ့ရှိရသည်။

၎င်း၏ အကိုင်းအခက်များတွင် ကတ္တီပါကဲ့သို့ ပျော့ပြောင်းပြီး နှင့် အမွေးထူသော အခေါက်များ ရှိသည်။[]

ကုက္ကိုရွက်သည် ရွက်မွှာ (leaflet) ၆ရွက် မှ ၁၆ ရွက်ထိပါဝင်နိုင်သော ငှက်မွေးရွက်ပေါင်း(pinnate) တစ်မျိုးဖြစ်ပြီး၊ ၎င်းရွက်မွှာတစ်ခုစီသည် ၂-စင်တီမီတာမှ ၄-စင်တီမီတာ (၀.၇၉-လက်မမှ ၁.၅၇ လက်မ)အထိ ရှည်နိုင်ပြီး၊၁-စင်တီမီတာမှ၂ စင်တီမီတာ (၀.၃၉-လက်မမှ ၀.၇၉ လက်မ)အထိကျယ်နိုင်သည်။ ၎င်းရွက်မွှာများသည် အပေါ်မျက်နှာပြင် ခပ်မှိုင်းမှိုင်းရှိပြီး စိန်ပုံသဏ္ဍန်(ရွန်းဘတ်ပုံကိုဆိုလိုသည်) ရှိကာ၊ အောက်မျက်နှာပြင်တွင် အမွေးများရှိသည်။ ၎င်းအရွက်များသည် ခြောက်သွေ့သောကာလတွင် ကြွေလေ့ရှိသည်။ [] မြန်မာသစ်တောဦးစီးဌာန၏ သင်္ဘောကုက္ကိုဝက်ဆိုဒ်တွင်မူ "အရွက်သည် နှစ်ဆင့်ငှက်မွေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ထပ်ဆင့် ငှက်မွေးရွက် ၂-၁၀ စုံပါရှိသည်။ ထပ်ဆင့်ငှက်မွေးရွက်တွင် ရွက်မွှာများ ၃-၉ စုံပါရှိပြီး၊ ဘဲဥနှစ်ခြမ်းပုံနှင့်ဆက်တူပြီး အရှည် ၁.၅-၆ စင်တီမီတာ၊ အကျယ် ၀.၇-၄ စင်တီမီတာရှိသည်။"ဟု ဖေါ်ပြထားသည်။[]

၎င်း၏ သစ်ပင်ထိပ်သရဖူသည် ကြီးမားပြီး အရိပ်အာဝါသကို ပေးစွမ်းနိုင်သည်။ ဤသရဖူသည် အပင်အောက်ကို နေရောင်မှ ကာကွယ်ပေးသော်လည်း၊ မိုးရေကို ဖြတ်သန်းခွင့်ပြုသဖြင့် ၎င်းအောက်ရှိ မြေကြီးထဲသို့ မိုးရေရောက်ရှိစေနိုင်သည်။[]

မိုးရာသီနှင့် ညနေခင်းများတွင် အရွက်များ ခေါက်တတ်သောကြောင့် မိုးသစ်ပင်(rain tree)ဟုလည်းကောင်း၊ ငါးနာရီပင် (five o'clock tree)ဟုလည်းကောင်း ခေါ်ဝေါ်ကြသေးသည်။[]

အပွင့်နှင့်အစေ့များ

[ပြင်ဆင်ရန်]

သင်္ဘောကုက္ကိုပင်တွင် အဖြူ နှင့် အနီရောင် ဝတ်ဆံများပါသော ပန်းနုရောင် အပွင့်များရှိပြီး ပန်းခိုင်များပေါ်တွင် ပန်း ၁၂-ပွင့်မှ ၂၅-ပွင့်ခန့်အထိ ရှိတတ်သည်။ ဤပန်းခိုင်များသည် ထောင်ဂဏန်းအထိ အရေအတွက်ရှိနိုင်ပြီး၊ သစ်ပင်တစ်ပင်လုံးကို လွှမ်းခြုံထားလေ့ရှိသည်။[]

သင်္ဘောကုက္ကိုပင်၏ အစေ့အိမ်များ သို့မဟုတ် သင်္ဘောကုက္ကိုသီးများသည် ကွေး၍ သားရေကဲ့သို့သော မျက်နှာပြင်အသားရှိသည်။ ၎င်းအစေ့အိမ်အတွင်း၌ ပြားချပ်ချပ်၊ ဘဲဥပုံအစေ့များကို ဖုံးအုပ်ထားသော စေးကပ်သည့် စားသုံးနိုင်သော အသားများ ပါဝင်သည်။[၁၀][၁၁]

အသုံးပြုပုံများ

[ပြင်ဆင်ရန်]

သင်္ဘောကုက္ကိုသီးမှ စားသုံးနိုင်သော သစ်သီးပျော့ဖတ်ကို အဖျော်ယမကာအဖြစ် ပြုလုပ်နိုင်ပြီး၊ သံပယိုဖျော်ရည်ကဲ့သို့ အရသာရှိသည်။ ၎င်းပျော့ဖတ်ကို (ဓာတုဗေဒနည်းအားဖြင့် ဘိုင်အိုအီသနောအဖြစ်သို့ ပြုပြင်ပြောင်းလဲပြီးနောက်) ဓာတ်ဆီအတွက် ဖြည့်စွက်စာ (gasoline additive)အဖြစ်လည်း အသုံးပြုနိုင်သည်။[]

၎င်း၏သစ်သားကို ပန်းပုထုခြင်းနှင့် ပရိဘောဂပြုလုပ်ခြင်းတို့တွင်လည်း အသုံးပြုနိုင်သည်။[]

ပုံပြခန်း

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Botanic Gardens Conservation International (BGCI) & IUCN SSC Global Tree Specialist Group. 2019. Samanea saman. The IUCN Red List of Threatened Species 2019: e.T144255307A148988354. https://dx.doi.org/10.2305/IUCN.UK.2019-2.RLTS.T144255307A148988354.en. Accessed on 01 March 2024.
  2. Albizia saman. NatureServe Explorer 2.0။ 1 March 2024 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Samanea saman (Jacq.) Merr.။ Royal Botanic Gardens, Kew။ 3 March 2020 တွင် ပြန်စစ်ပြီး။
  4. "" (1916). Journal of the Washington Academy of Sciences 6: 47. 
  5. The Legume Phylogeny Working Group (LPWG) (2017). "A new subfamily classification of the Leguminosae based on a taxonomically comprehensive phylogeny". Taxon 66 (1): 44–77. doi:10.12705/661.3. 
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ Staples၊ George W.; Elevitch၊ Craig R. (2006)။ "Samanea saman (rain tree)"။ in Elevitch၊ Craig R. (ed.)။ Traditional Trees of Pacific Islands: Their Culture, Environment, and Use။ Holualoa, Hawaii, USA: Permanent Agricultural Resources။ pp. 662–664။ ISBN 978-0-9702544-5-0
  7. ၇.၀ ၇.၁ ၇.၂ The Golden Rain Tree (1999)။ 15 Jun 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. သင်္ဘောကုက္ကို (2024)။ 29 Jan 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  9. NParks Samanea saman။ 04 Nov 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  10. Allen၊ O. N.; Allen၊ Ethel K. (1981)။ The Leguminosae, a source book of characteristics, uses, and nodulation။ Madison, Wisconsin, USA: University of Wisconsin Press။ p. 590။ ISBN 978-0-299-08400-4
  11. "Samanea saman (rain tree)" (22 September 2021). CABI Compendium: 4026. Centre for Agriculture and Bioscience International. doi:10.1079/cabicompendium.4026.