မာတိကာသို့ ခုန်သွားရန်

သားသမီး

ဝီကီပီးဒီးယား မှ

သားသမီးများသည် မိဘများ၏ ကျေးဇူးကို သိတတ်ရမည်။ မိဘများသည် သားသမီးများအား မွေးဖွားပြုစုပျိုးထောင်ခြင်း၊ ပညာသင်ကြားပေးခြင်း၊ အိမ်ထောင်ဖက် ရှာဖွေပေးခြင်း စသည့် ကျေးဇူးများစွာကို ပြုမူခဲ့သည်။ ထို့ကြောင့် သားသမီးများသည် မိဘများအပေါ် ရိုသေလေးစားမှုရှိရုံသာမက မိဘများအိုမင်းမစွမ်းဖြစ်ချိန်တွင် ပြုစုလုပ်ကျွေးရန် တာဝန်ရှိသည်။ သားသမီးများလိုက်နာရမည့် အဓိကကျသော ကျင့်ဝတ်များကို ပါထိကဝဂ်နှင့် ၎င်းအဋ္ဌကထာအတိုင်း အောက်တွင်ဖော်ပြထားပါသည်။ []

၁. လုပ်ကျွေးပြုစုခြင်း []

[ပြင်ဆင်ရန်]

သားသမီးများသည် မိဘများအား အစားအသောက်၊ အဝတ်အထည်၊ နေထိုင်စရာ စသည်တို့ဖြင့် လုပ်ကျွေးပြုစုရမည်။ မိဘများ ငယ်ရွယ်စဉ်အခါ မိဘများက သားသမီးများကို ပြုစုပျိုးထောင်ခဲ့သကဲ့သို့ သားသမီးများကလည်း မိဘများ အိုမင်းမစွမ်းဖြစ်ချိန်တွင် ပြန်လည် ပြုစုလုပ်ကျွေးရမည်။

၂. ကိစ္စများ ဆောင်ရွက်ပေးခြင်း []

[ပြင်ဆင်ရန်]

သားသမီးများသည် မိဘများ၏ လိုအပ်သော ကိစ္စများကို ကူညီဆောင်ရွက်ပေးရမည်။ မိဘများ အလုပ်များနေချိန်တွင် အိမ်မှုကိစ္စများ၊ အခြားကိစ္စရပ်များကို ကူညီပေးခြင်းဖြင့် မိဘများ၏ ဝန်ကို ပေါ့ပါးစေရမည်။

၃. မျိုးရိုးကို ထိန်းသိမ်းခြင်း []

[ပြင်ဆင်ရန်]

သားသမီးများသည် မိဘများ၏ မျိုးရိုးကို ထိန်းသိမ်းရမည်။ မိဘများ၏ ပစ္စည်းဥစ္စာများကို မပျက်စီးစေဘဲ ထိန်းသိမ်းရမည်။ မိဘများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်။ မိဘများ၏ အဆုံးအမကို လိုက်နာခြင်းဖြင့် မိဘများ၏ မျိုးရိုးကို ဆက်လက်ထိန်းသိမ်းရမည်။

၄. အမွေကို ခံယူခြင်း []

[ပြင်ဆင်ရန်]

သားသမီးများသည် မိဘများ၏ အမွေကို ခံယူရမည်။ မိဘများသည် သားသမီးများအား ဝေစုပေးရန် တာဝန်ရှိသည်။ သားသမီးများသည် မိဘများ၏ အမွေကို ခံယူပြီး မိဘများ၏ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်းဖြင့် မိဘများ၏ အမွေကို ထိန်းသိမ်းရမည်။

၅. ကွယ်လွန်သူတို့အတွက် ကုသိုလ်ပြုခြင်း []

[ပြင်ဆင်ရန်]

သားသမီးများသည် မိဘများ ကွယ်လွန်သွားပါက မိဘများအတွက် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပေးရမည်။ မိဘများအား ရည်စူး၍ ဒါနပြုခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းဖြင့် မိဘများအား အမှတ်ရနေစေရမည်။

ဤဖော်ပြပါ သားသမီးကျင့်ဝတ်များသည် မိဘနှင့် သားသမီးတို့အကြား ချစ်ခင်လေးစားမှု၊ အပြန်အလှန် ကူညီမှုနှင့် တာဝန်ယူမှုကို အခြေခံထားပါသည်။ ဤကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် သားသမီးများသည် မိဘများအပေါ် ကျေးဇူးသိတတ်သော သားကောင်း၊ သမီးကောင်းများ ဖြစ်လာနိုင်ပါသည်။

သားသမီးကျင့်ဝတ် ငါးပါး

[ပြင်ဆင်ရန်]
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။

ကိုးကား

[ပြင်ဆင်ရန်]
  1. (ဒီ၊၃၊၁၅၄။ ဒီ၊ဋ္ဌ၊၃၊၁၃၆။)
  2. (ဘတော နေ ဘရိဿာမိ)
  3. (ကိစ္စံ နေသံ ကရိဿာမိ)
  4. (ကုလဝံသံ ဌပေဿာမိ)
  5. (ဒါယဇ္ဇံ ပဋိပဇ္ဇာမိ)
  6. (အထ ဝါ ပန ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပ္ပဒဿာမိ)