မာတိကာသို့ ခုန်သွားရန်

အကျည်းတန် မှန်ကြိုက်

ဝီကီပီးဒီးယား မှ

အကျည်းတန် မှန်ကြိုက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

အကျည်းတန် မှန်ကြိုက်: ရုပ်ရည်မလှပသူများသည် မှန်ကို မကြာခဏ ကြည့်လေ့ရှိသည်။

ဆိုလိုသည်မှာ ရုပ်ရည်မလှပဟု မိမိကိုယ်ကို ထင်မှတ်သူများသည် မိမိ၏ ရုပ်ရည်အသွင်အပြင်ကို အခြားသူများ မည်သို့မြင်သည်ကို သိလိုစိတ်ကြောင့်လည်းကောင်း၊ မိမိကိုယ်ကို အမြဲစစ်ဆေးနေလိုသောကြောင့်လည်းကောင်း မှန်ကို မကြာခဏ ကြည့်လေ့ရှိသည်။ ဤဆိုရိုးစကားသည် လူတို့၏ စိတ်ပညာနှင့် မိမိကိုယ်ကို အာရုံစိုက်မှု သဘောတရားကို ဖော်ပြသည်။ တစ်နည်းအားဖြင့် မိမိ၏ အားနည်းချက် သို့မဟုတ် မပြည့်စုံဟု ထင်သောအရာကို အာရုံပိုစိုက်မိတတ်သည့် သဘောကိုလည်း ဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ဆင်းရုပ်သွင်နှင့်၊ ကိုယ်ပင်မယုံ၊ အင်မစုံသော်၊ ကြေးမုံကြည့်များ၊ ဟူသောလားသို့၊" []
  • "ရုပ်ဆိုးသူက ရုပ်ချောသူထက်ပင် မှန်ကို မြတ်နိုးစိတ်ပိုသေးသည်။ အကျည်းတန်မှန်ကြိုက်ဟူသော စကားက အထောက်အထားပြုလျက် ရှိသည်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၈၄၆] ဘူလင် ၃၃၃။
  3. [၁၃၁၅] စာဗိမာန်၊ ၂၊ ၃။ ၁၈။