မာတိကာသို့ ခုန်သွားရန်

အမျိုးထိ မချိအောင်နာ

ဝီကီပီးဒီးယား မှ

အမျိုးထိ မချိအောင်နာ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

အမျိုးထိ မချိအောင်နာ: မိမိ၏ အမျိုးအနွယ် သို့မဟုတ် ဆွေမျိုးသားချင်းများကို ထိပါးစော်ကားပါက အလွန်အမင်း နာကျင်ခံစားရသည်။

ဆိုလိုသည်မှာ လူတို့သည် မိမိတို့၏ ဆွေမျိုးသားချင်းများနှင့် ပတ်သက်လာလျှင် အလွန်အထိမခံတတ်ကြကြောင်းကို ဖော်ပြသည်။ ဆွေမျိုးသားချင်းများကို ထိပါးခြင်းသည် မိမိကိုယ်တိုင်ကို ထိပါးခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ခံယူထားကြသည်။ ထို့ကြောင့် ဆွေမျိုးသားချင်းများအပေါ် ပြုမူသော မတရားမှု သို့မဟုတ် စော်ကားမှုသည် ပြင်းထန်သော နာကျင်မှုနှင့် ဒေါသကို ဖြစ်ပေါ်စေနိုင်သည်။ ဤဆိုရိုးစကားသည် ဆွေမျိုးသားချင်းများအပေါ်ထားရှိသော ချစ်ခင်မြတ်နိုးမှုနှင့် သစ္စာစောင့်သိမှုကို အလေးပေးဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများဖြစ်ကြသည့် တိုင်းရင်းသားတို့သည် ကိုယအ့်မျိုးထိ မချိအောင်နာခဲ့ကြသည်။" []
  • ၁၈၈၂ စစ်ပွဲဖြစ်ပွားရခြင်း၏ အကြောင်းတရားများသည် နပိုလီယန်၏ နိုင့်ထက်ကလူ ပြုတတ်သော သဘာဝနှင့်၊ အမျိုးထိလျှင် မချိအောင် နာတတ်သော ရုရှားဘုရင် အလက်ဇန်းဒရား၏ ဝံသာနုစိတ်ဓာတ် ပြင်းထန်မှုတို့ ဖြစ်သည်ဟု ပြော၍မရချေ။

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၄၃] တို့ဆုစာ၊ တ။ ၃၈။
  3. မြသန်းတင့် (၁၉၇၄)။ စစ်နှင့် ငြိမ်းချမ်းရေး (ဒုကြိမ် ed.)။ ဦးမြင့်စိုး။ p. ၁၄။ Unknown parameter |month= ignored (အကူအညီ)