အသုံးပြုသူ:Ngahtoo.101/sandbox
![]() | ဤစာမျက်နှာသည် Ngahtoo.101 ၏ ကိုယ်ပိုင်စမ်းသပ်ရန်စာမျက်နှာ ဖြစ်သည်။ ကိုယ်ပိုင်စမ်းသပ်ရန်စာမျက်နှာသည် ကိုယ်ပိုင်စာမျက်နှာ၏ စာမျက်နှာခွဲတစ်ခု ဖြစ်သည်။ ယင်းကို စမ်းသပ်ရန်၊ လက်သွေးရန် နေရာအဖြစ် အသုံးပြုနိုင်ပြီး ဝီကီဆောင်းပါးတစ်ခု မဟုတ်ပေ။ ကိုယ်ပိုင်စမ်းသပ်ရန်စာမျက်နှာတစ်ခု ရယူရန်၊ ဤနေရာတွင် ဖန်တီးနိုင်သည်။ အခြားစမ်းသပ်ရန်စာမျက်နှာများ - ပင်မ sandbox | Template sandbox |
နွမ်ဂျာသိုင်း
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]၁၉၅၂ ခုတွင် ဦးမြ၊ ဒေါ်မမကြီးတို့က သာစည်၌ မွေးသည်။ မွေးချင်း ၇ ယောက်အနက် အကြီးဆုံးဖြစ်သည်။
၁၉၇၂ ခုတွင် အထက(၂)အင်းစိန်မှ ဆယ်တန်းအောင်သည်။ ရန်ကုန်စက်မှုတက္ကသိုလ်အား ပဉ္စမနှစ်ထိ တက်ပြီးနောက် ရူပဗေဒဘွဲ့ကို စာပေးစာယူဖြင့် ရသည်။ မဟာတန်းသို့ တနှစ်ခန့် တက်သည်။
စာပေခရီး
[ပြင်ဆင်ရန်]၁၉၆၉ ခုတွင် အဟိ၊ သင့်ဘဝ၊ တိုင်းရင်းမေတို့တွင် စရေးသည်။ ၁၉၇၃ ခု၌ "ပါးကွက်ကြားနှင့်လပြည့်ဝန်း" ကဗျာစာအုပ်ထွက်သည်။ ၁၉၇၉ ခုထုတ် "အချစ်ဆုံးသူ၏အတ္ထုပ္ပတ္တိ" ဖြင့် လူသိများလာ၏။
စာရေးဆရာအသင်း၏ ဗဟိုအဖွဲ့ဝင်အဖြစ် ပါဝင်ဖူးသည်။
၂၀၁၂ ခု၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုနှင့် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
ရေးသောစာအုပ်များ
[ပြင်ဆင်ရန်]- ညဉ့်ဦးယံ ဒီပြန်တက်ပါလိမ့်
- တမျိုးညာနွဲ့သွေမဖယ် စိုးပါနဲ့မေရယ်
- လဝန်းကုဋေ သာသည့်မြေသို့
- ဟိုဘက်ကမ်းက မီးထိန်ထိန်
- တို့လျှောက်ခဲ့ရာ လမ်းကန္တာဝယ်
- တောင်များပေါ်ကတိမ် တိမ်များပေါ်ကငှက်
- အလွမ်းတပွင့် ပန်းတပွင့်
- လက်တွဲပြီးလိုက်မှာလားကွယ်
- အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ
- အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ (ချစ်နှင်းဆီလှလှလေး)
- နွေဦးရောက်ပြီသူငယ်ချင်း (နွေဦးရောက်ပြီကိုကို)
- အလယ်ကလူစကားဝဲ၏ (လွမ်းနေမယ်မေ)
- တပင်တည်းရင်ထဲကနွယ် (မယ်သီတာလိုမိန်းကလေး)
- ချစ်သူကိုကိုချိုးခဲ့တာ ပျိုပျိုပန်ဆင်စရာ (မောင့်မြခွာညို)
- နွေ၏အလွန်
- ရက်ရွေးမနေပါနဲ့ ကိုကိုရယ်
- အချစ်ဆုံးလည်း ဖြစ်ခဲ့ဖူးပါတယ်
- မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်
- တခါတုန်းကတက္ကသိုလ်မှာ
- အိပ်မက်ကိုတွေ့ရသလိုပဲနော်
- နှစ်နားထပ်လို့ တိုင်ပင်ချင်တယ် (သတိထား)
- ခပ်ညံ့ညံ့ပဲကောင်းပါတယ် (ကမ္ဘာကြီးကလှပါတယ်)
- အိပ်မက်မြို့သူ
- တိမ်တောင်ညိုပြာ
- ဒေါင်းယာဉ်ပျံနံဘေးမှာ စာရေးလို့ထားချင်တယ်
- မိုးရေတက်ရေတဖွေးဖွေး
- မြူဝန်းသို့ခို
- မမစိမ်း
- မဟာသမုဒ္ဒရာ၌ပင် အနားသတ်ကမ်းစပ်ရှိ၏
- မိုးကောင်းကင်မျက်နှာကြက်၌တည်သော အလင်းအိမ်
- ကောင်းကင်ယံ၌ ကြယ်များလင်းလက်၍ မြေကြီးပေါ်တွင် ပန်းများပွင့်ကြသည်
- နှလုံးသားတွင် ကဗ္မည်းတင်မည်ကစ္ဆပနဒီ
ကွင်းအတွင်းရှိ အမည်များမှာ ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးရာတွင် ပြောင်းသုံးသောအမည်များဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၀ ခု၊ ဇွန်လ ၂၇ ရက်တွင် နှလုံးရောဂါဖြင့် လွန်လေသည်။