မာတိကာသို့ ခုန်သွားရန်

အောင်ကျော်ကျော်

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်

အောင်ကျော်ကျော်
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇန်နဝါရီ ၂၀၂၅
ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
ယခင်လူဗိုလ်ချုပ် တိုးရီ
ဒုတိယ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်
တာဝန်သက်တမ်း
၂၀၂၁ – ၂၀၂၅
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၆
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
အမှုထမ်းကာလ၁၉၈၆ - ၂၀၂၅
ရာထူးဗိုလ်ချုပ်
Commandsတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး

ဗိုလ်ချုပ် အောင်ကျော်ကျော် (၁၉၆၆ ဖွား) သည် မြန်မာတပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်သည်။[] ယင်းမတိုင်မီက သူသည် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်မှူး နှင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ အောက်မြန်မာပြည်ကွပ်ကဲရေးမှူး ဖြစ်ခဲ့သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပတ်စဥ် ၃၂ ဆင်း ဖြစ်သည်။ပြန်တမ်းဝင်အမှတ် ကြည်း ၂၂၅၆၈ ဖြင့် စစ်မှုထမ်းသည်။တပ်မတော်တွင် ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်တွင် တာဝန်ထမ်းဆောင်သည်။[]ထို့နောက် စစ်ကောင်စီက နေပြည်တော်အခြေစိုက် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) ရုံးအောက်တွင် ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အပြင် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်ဟု ဌာနနှစ်ခုခွဲလိုက်ပြီး ဗိုလ်မှူးချုပ်နှစ်ဦးကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးကာ ကွပ်ကဲရေးမှူးများအဖြစ် ဖွဲ့စည်းပုံအသစ်တိုးလိုက်ရာတွင် သူသည် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး (အောက်မြန်မာပြည်)၏ ကွပ်ကဲရေးမှူးဖြစ်လာသည်။[]ထိုတာဝန်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့အထိ ထမ်းဆောင်သည်။

ဒုဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁၄/၂၀၂၅ ဖြင့် ပြည်ထဲရေးဒုဝန်ကြီး အဖြစ် အစိုးရအဖွဲ့ တွင်တာဝန်ပေးသည်။ထိုနေ့မှာပင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီ ကိုအရပ်ဘက်ပြောင်းလိုက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ ပြောင်းလိုက်၍ ထိုနေရာကို ဆက်ခံသည်။

ရရှိသောဆုများ

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် ဇန်နဝါ၇ီ ၄ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ချီးမြှင့်သည်။[] ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုတံဆိပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် ကို ချီးမြှင့်သည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၅)။ ၅ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. စရဖများကို စစ်ကောင်စီက ချီးမြှင့်မြှောက်စားMyanmar Now (၃၁ ဇန်နဝါရီ ၂၀၂၂)။ ၅ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. စစ်ထောက်လှမ်းရေးခေတ် ပြန်ရောက်လာပြီThe Irrawaddy (၁၅ နိုဝင်ဘာ ၂၀၂၂)။ ၅ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဂုဏ်ထူးဆောင်ဘွဲ့တွဆိပ်များချီးမြှင့်ခြင်း၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ (၄ ဇန်နဝါရီ ၂၀၂၂)။ ၅ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄/၂၀၂၅မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်အပ်နှင်းခြင်း၂၄ ဇန်နဝါရီ ၂၀၂၅ ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၄ ဇန်နဝါရီ ၂၀၂၅)။ ၅ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။