၁၉၉၈ အာရှ အားကစားပြိုင်ပွဲ
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ဆောင်ပုဒ် | Friendship Beyond Frontiers (Thai: มิตรภาพไร้พรมแดน) Mitrp̣hāph rị̂ phrmdæn | ||
ပါဝင်သော နိုင်ငံများ | ၄၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၆,၅၅၄ | ||
ကစားပွဲအမျိုးအစား | ၃၇၇ (၃၆နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၆ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၂၀ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဘူမိဘော အဒူလျာဒက် (ဘုရင်) | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Ahmad Al-Fahad Al-Sabah အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ | ||
Athlete's Oath | Preeda Chulamonthol | ||
Torch Lighter | Somluck Kamsing | ||
အဓိကအားကစားကွင်း | ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်း | ||
|
၁၉၉၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1998 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၉၈ခုနှစ် ဒီဇင်ဘာ ၆ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၁၃ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၈ ပွဲတော်များကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၉၈ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘုရင် ဘူမိဘော အဒူလျာဒက်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။[၁]
နိုင်ငံ (၄၁)နိုင်ငံမှ အားကစားသမား (၆,၅၅၄)ဦးတို့သည် အားကစားနည်း (၃၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ဘန်ကောက်မြို့သည် သမိုင်းတစ်လျှောက်တွင် အာရှအားကစားပြိုင်ပွဲကို လေးကြိမ်တိုင်တိုင် လက်ခံကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံသည် ရွှေတံဆိပ် (၂၄)ခုဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည်။ ဂျပန်ပြေးခုန်ပစ်အားကစားသမား Koji Ito သည် အကောင်းဆုံးအားကစားသမား (MVP) အဖြစ် ကြေညာခံခဲ့ရသည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]အိမ်ရှင်ရွေးချယ်ခြင်း
[ပြင်ဆင်ရန်]၁၉၈၉ခုနှစ်တွင် ထိုင်ဝမ်မှ ထိုင်ပေမြို့၊ အင်ဒိုနီးရှားနိုင်ငံမှ ဂျာကာတာမြို့နှင့် ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့တို့သည် အိမ်ရှင်နေရာအတွက် လျှောက်ထားခဲ့ကြသည်။ ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၇ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသော အစည်းအဝေး၌ အိမ်ရှင်မြို့အား မဲပေးရွေးချယ်ခဲ့ကြသည်။ ထိုစဉ်က အာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် (၃၇)နိုင်ငံက မဲပေးခဲ့ကြပြီး ဘန်ကောက်မြို့က အနိုင်ရရှိခဲ့သည်။[၂]
၁၉၉၈ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ် | ||||||
---|---|---|---|---|---|---|
မြို့ | အမျိုးသားအိုလံပစ်ကော်မတီ | မဲရလဒ် | ||||
ဘန်ကောက်မြို့ | ![]() |
၂၀ | ||||
ထိုင်ပေမြို့ | ![]() |
၁၀ | ||||
ဂျာကာတာမြို့ | ![]() |
၇ |
အားကစားကွင်းများ
[ပြင်ဆင်ရန်]ရာဇမင်္ဂလာအမျိုးသားအားကစားကွင်း တည်ဆောက်ခြင်းအပါအဝင် အားကစားကွင်းများ တည်ဆောက်ခြင်း၊ အားကစားရွာများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့အတွက် အမေရိကန်ဒေါ်လာ ၁၆၇သန်း အသုံးပြုခဲ့သည်။
- ဟွာမက်
- ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ဘောလုံး)
- ဟွာမက် မိုးလုံလေလုံအားကစားရုံ (ပိုက်ကျော်ခြင်း)
- စက်ဘီးစီးအားကစားရုံ (စက်ဘီးစီး)
- သေနတ်ပစ်ကွင်း (သေနတ်ပစ်)
- Clay Target Shooting Range (Clay Target Shooting)
- မြောင်သောင်သနီ
- IMPACT Arena (လက်ဝှေ့)
- IMPACT Hall 1-5 (ဘိလိယက်နှင့် စနူကာ၊ ကျွမ်းဘား၊ ဘော်လီဘော)
- Thunder Dome (အလေးမ)
- အက်စ်စီဂျီ အားကစားကွင်း(ရက်ဘီ၊ ဘောလုံး)
- တင်းနစ်စင်တာ (တင်းနစ်)
- ပင်မအားကစားကွင်း (ပြေးခုန်ပစ်၊ ဘောလုံး)
- အားကစားရုံ ၁ (ဘတ်စကက်ဘော၊ ဂျူဒို၊ နပန်း)
- အားကစားရုံ ၂ (ကြက်တောင်)
- အားကစားရုံ ၃ (Handball)
- အားကစားရုံ ၄ (ဓားသိုင်း)
- အားကစားရုံ ၅ (စားပွဲတင်တင်းနစ်)
- အားကစားရုံ ၆ (ဝူရှူး)
- အားကစားရုံ ၇ (ကရာတေး၊ တိုက်ကွမ်ဒို)
- တင်းနစ်ကွင်း (Soft Tennis)
- ကွင်း ၁ (မြားပစ်)
- ကွင်း ၂ (Softball)
- ရေကူးကန် (ရေပိုင်းဆိုင်ရာအားကစားနည်းများ)
- အားကစားရွာ
- အခြား
- ကဆက်ဆာ့ တက္ကသိုလ် (ဟော်ကီ)
- PS Bowling Bangkapi (ဘိုလင်း)
- ဆပ်ပချာလာဆိုင် အားကစားကွင်း (ဘောလုံး)
- ထိုင်းဘုရင့်တပ်မတော် အားကစားကွင်း (ရက်ဘီ)
- ထိုင်း - ဂျပန် အားကစားကွင်း (ဘောလုံး)
- တုပတမီ အားကစားကွင်း (ဘောလုံး)
- နှစ် ၇၀၀ပြည့် အားကစားကွင်း (ဘောလုံး)
- သံတမန် အားကစားကွင်း(စကွက်ရှ်)
- Ao-Dongtarn Jomtien Beach (ရွက်လှေ)
- Jomtian beach (ဘောလီဘော (ကမ်းခြေ))
- Map Prachan Reservoir (ကနူးလှေ၊ လှေလှော်)
- ခိုယိုင် အမျိုးသားဥယျာဉ် (စက်ဘီးစီး)
- ဖဟွန်ယိုသင် လမ်းမ (စက်ဘီးစီး)
- နခွန်စဝမ်ပြည်နယ် အားကစားကွင်း (ဘောလုံး)
- အယ်ပိုင်း ဂေါက်ကွင်း (ဂေါက်)
- မိဖုရားသီရိခေတ် အားကစားရုံစု (ဘေ့စ်ဘော၊ ဟော်ကီ)
- Fort Adhisorn Riding Club (မြင်းစီး)
- စစ်စခက်ပြည်နယ် အားကစားကွင်း (ဘောလုံး)
- Suwannawong Gymnasium Hat Yai (ပိုက်ကျော်ခြင်း)
- တီနာစူလနွန် အားကစားကွင်း (ဘောလုံး)
- မြူနီစီပယ် အားကစားရုံ (ဘတ်စကက်ဘော)
- ဆူဖန်ဘူရီပြည်မယ် အားကစားကွင်း (ဘောလုံး)
- ဆူရက်သနီပြည်နယ် အားကစားကွင်း (ဘောလုံး)
- သရမ်ပြည်နယ် အားကစားကွင်း (ဘောလုံး)
- မြူနီစီပယ် အားကစားရုံ (သရမ်) (ပိုက်ကျော်ခြင်း)
ပြိုင်ပွဲအထိမ်းအမှတ်များ
[ပြင်ဆင်ရန်]အထိမ်းအမှတ်တံဆိပ်
[ပြင်ဆင်ရန်]၁၉၉၈ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အင်္ဂလိပ်အက္ခရာ အေ ကို အခြေခံထားသည်။ အေသည် အာရှနှင့် အားကစားသမားများကို ကိုယ်စားပြုသကဲ့သို့ ရေးဆွဲထားသော ပုံစံအရ အပေါ်ရှိ စေတီ ပုံသဏ္ဌာန်ကြောင့် အေ မှာ ထိုင်းနိုင်ငံကိုလည်း ကိုယ်စားပြုသည်။ ၎င်း၏ အပေါ်ပိုင်းရှိ စေတီ သို့မဟုတ် ဘုရား၏ အထွတ်အထိပ်မှာ ထိုင်းဘိုးဘွားဘီဘင်တို့၏ အသိပညာ၊ စွမ်းအားနှင့် အားကစားစွမ်းရည်တို့ကို ရည်ညွှန်းသည်။ ထိပ်ဆုံးတွင် အာရှအိုလံပစ်ကောင်စီ၏ အမှတ်တံဆိပ်ဖြစ်သော နေဝန်းနီကြီး ပါဝင်သည်။[၃]
လာဘ်ကောင်
[ပြင်ဆင်ရန်]၁၉၉၈ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ ချိုင်ယို ဟုခေါ်သော ဆင်ဖြစ်သည်။ ထိုင်းဘာသာစကားအရ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှု၊ အောင်မြင်မှု၊ စည်းလုံးမှုဟု အဓိပ္ပါယ်ရသော စကားစုဖြစ်သည်။ ဆင်များသည် ထိုင်းနိုင်ငံတွင် ခေတ်အဆက်ဆက် လူများနှင့် အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး ထိုင်းနိုင်ငံ၏ ရတနာတစ်ပါးလည်းဖြစ်သည်။[၄]
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ဖွင့်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]၁၉၉၈ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၉၈ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံများမှ အားကစားသမားများသည် ထိုင်းဘာသာစကား အက္ခရာစဉ်အတိုင်း အစဉ်လိုက် ဝင်ရောက်လာခဲ့ကြသည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက်က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]၁၉၉၈ အာရှအားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ၁၉၉၈ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ တေးသံရှင်များ၏ အကြိုဖျော်ဖြေတင်ဆက်မှုများ၊ ယဉ်ကျေးမှုအဖွဲ့များ၏ ဖော်ဖြေတင်ဆက်မှုများ ပြီးနောက် အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်း တက်ရောက်ခဲ့သည်။
ပါဝင်သော အားကစားနည်းများ
[ပြင်ဆင်ရန်]- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘေ့စ်ဘော
ဘတ်စကက်ဘော
ဘိုလင်း
လက်ဝှေ့
ဘိလိယက်
စက်ဘီးစီး
မြင်းစီး
ဓားသိုင်းအတတ်
ဟော်ကီ
ဘောလုံး
ဂေါက်သီးရိုက်
ကျွမ်းဘား
Handball
ဂျူဒို
Kabaddi
ကရာတေး
လှေလှော်
ရက်ဘီ
ရွက်လှေ
ပိုက်ကျော်ခြင်း
သေနတ်ပစ်
Soft tennis
Squash
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
- ဘော်လီဘော
ကမ်းခြေ ဘော်လီဘော
ရုံတွင်း ဘော်လီဘော
အလေးမ
နပန်း
ဝူရှူး
Dancesport
မွေထိုင်း
ပါဝင်သည့်နိုင်ငံများ
[ပြင်ဆင်ရန်]အာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ဘာသာရေးနှင့် သက်ဆိုင်သော ကာလဖြစ်သဖြင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ထိုအချိန်သည် ဆော်ဒီနန်းတော်မှ စိန်ပြာများအပါအဝင် နန်းစဉ်ရတနာများကို ထိုင်းနိုင်ငံသား နန်းတော်ဝန်ထမ်းတစ်ဦးက ခိုးယူခဲ့မှူဖြစ်စဉ်၏ နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ဆော်ဒီအာရေဗျနှင့် ထိုင်းနိုင်ငံတို့အကြား သံတမန်ရေးရာ ဆက်ဆံမှု တင်းမာနေချိန်ဖြစ်သည်။ ဝင်ရောက်မယှဉ်ပြိုင်သော်လည်း ဖွင့်ပွဲအခမ်းအနားတွင်မူ ချီတက်ဝင်ရောက်ခဲ့သည်။
IOC | နိုင်ငံ | အားကစားသမားဦးရေ |
---|---|---|
BHR | ![]() |
၁၅ |
BAN | ![]() |
၄၄ |
BHU | ![]() |
၂၁ |
BRU | ![]() |
၅၇ |
CAM | ![]() |
၁၀၄ |
CHN | ![]() |
၈၂၈ |
HKG | ![]() |
၂၉၀ |
IND | ![]() |
၃၂၈ |
INA | ![]() |
၂၁၃ |
IRI | ![]() |
၃၁၈ |
JPN | ![]() |
၉၆၅ |
JOR | ![]() |
၅၅ |
KAZ | ![]() |
၄၆၂ |
KUW | ![]() |
၂၀၉ |
KGZ | ![]() |
၁၄၇ |
LAO | ![]() |
၁၁၃ |
LBN | ![]() |
၇၉ |
MAC | ![]() |
၉၇ |
MAS | ![]() |
၂၂၉ |
MDV | ![]() |
၅၀ |
MGL | ![]() |
၁၉၈ |
MYA | ![]() |
၇၆ |
NEP | ![]() |
၉၃ |
PRK | ![]() |
၂၉၉ |
OMA | ![]() |
၅၂ |
PAK | ![]() |
၁၃၉ |
PLE | ![]() |
၃၇ |
PHP | ![]() |
၃၈၆ |
QAT | ![]() |
၂၀၆ |
SGP | ![]() |
၁၉၄ |
KOR | ![]() |
၇၅၄ |
SRI | ![]() |
၁၁၆ |
SYR | ![]() |
၅၈ |
TPE | ![]() |
၅၀၈ |
TJK | ![]() |
၁၆၃ |
THA | ![]() |
၁,၀၅၅ |
TKM | ![]() |
၇၇ |
UAE | ![]() |
၁၁၉ |
UZB | ![]() |
၂၇၅ |
VIE | ![]() |
၁၈၈ |
YEM | ![]() |
၃၂ |
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]- Key
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ![]() |
၁၂၉ | ၇၈ | ၆၇ | ၂၇၄ |
၂ | ![]() |
၆၅ | ၄၆ | ၅၃ | ၁၆၄ |
၃ | ![]() |
၅၂ | ၆၁ | ၆၈ | ၁၈၁ |
၄ | ![]() |
၂၄ | ၂၆ | ၄၀ | ၉၀ |
၅ | ![]() |
၂၄ | ၂၄ | ၃၀ | ၇၈ |
၆ | ![]() |
၁၉ | ၁၇ | ၄၁ | ၇၇ |
၇ | ![]() |
၁၀ | ၁၁ | ၁၃ | ၃၄ |
၈ | ![]() |
၇ | ၁၄ | ၁၂ | ၃၃ |
၉ | ![]() |
၇ | ၁၁ | ၁၇ | ၃၅ |
၁၀ | ![]() |
၆ | ၂၂ | ၁၂ | ၄၀ |
၁၁ | ![]() |
၆ | ၁၀ | ၁၁ | ၂၇ |
၁၂ | ![]() |
၅ | ၁၀ | ၁၄ | ၂၉ |
၁၃ | ![]() |
၅ | ၆ | ၆ | ၁၇ |
၁၄ | ![]() |
၄ | ၆ | ၄ | ၁၄ |
၁၅ | ![]() |
၃ | ၀ | ၃ | ၆ |
၁၆ | ![]() |
၂ | ၄ | ၉ | ၁၅ |
၁၇ | ![]() |
၂ | ၃ | ၉ | ၁၄ |
၁၈ | ![]() |
၂ | ၃ | ၃ | ၈ |
၁၉ | ![]() |
၂ | ၂ | ၁၀ | ၁၄ |
၂၀ | ![]() |
၁[၅] | ၆ | ၄ | ၁၁ |
၂၁ | ![]() |
၁ | ၅ | ၁၂ | ၁၈ |
၂၂ | ![]() |
၁ | ၅ | ၁၁ | ၁၇ |
၂၃ | ![]() |
၁ | ၀ | ၁ | ၂ |
၂၄ | ![]() |
၀ | ၃ | ၃ | ၆ |
၂၅ | ![]() |
၀ | ၃ | ၂ | ၅ |
၂၆ | ![]() |
၀ | ၂ | ၄ | ၆ |
၂၇ | ![]() |
၀ | ၁ | ၃ | ၄ |
၂၈ | ![]() |
၀ | ၁ | ၀ | ၁ |
၂၉ | ![]() |
၀ | ၀ | ၁ | ၁ |
![]() | |||||
![]() | |||||
![]() | |||||
![]() | |||||
စုစုပေါင်း (33 NOCs) | ၃၇၈ | ၃၈၀ | ၄၆၇ | ၁၂၂၅ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Thailand's King Lights Asian Games Flames။ 9 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ Bangkok to host 1998 Asian games။ United Press International (၂၇ စက်တင်ဘာ ၁၉၉၀)။
- ↑ Emblem (Official website)။ 15 January 1998 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ Mascot (Official Website)။ 15 January 1998 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ မျိုးဆက်သစ် အားကစားသမားတွေကို ပိုမိုထောက်ပံ့ပေးဖို့ လိုအပ်နေပြီ။