၂၀၂၂ အာရှ အားကစားပြိုင်ပွဲ
![]() | |||
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ဆောင်ပုဒ် | Heart to Heart, @Future အရင်းနှီးဆုံး နှလုံးသားများနှင့် တို့အနာဂတ်ဆီသို့ | ||
ပါဝင်သော နိုင်ငံများ | ၄၅ | ||
ကစားပွဲအမျိုးအစား | ၄၈၁ (၄၀နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂၃ စက်တင်ဘာ ၂၀၂၃ | ||
ပိတ်ပွဲအခမ်းအနား | ၈ အောက်တိုဘာ ၂၀၂၃ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ရှီကျင့်ဖျင် သမ္မတ | ||
အဓိကအားကစားကွင်း | ဟန်ကျိုး အားကစားဥယျာဉ် အားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | hangzhou2022.cn | ||
|
၂၀၂၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 Asian Games) သည် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပနေသော (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။[၁] အားကစားနည်းပေါင်း (၄၀) ထည့်သွင်းကျင်းပမည်ဖြစ်သည်။
ဟန်ကျိုးမြို့သည် တရုတ်နိုင်ငံတွင် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် တတိယမြောက်မြို့ ဖြစ်လာခဲ့သည်။ ယခင်က ၁၉၉၀ပြည့်နှစ်တွင် ပေကျင်းမြို့၌လည်းကောင်း၊ ၂၀၁၀ပြည့်နှစ်တွင် ကွမ်ကျိုးမြို့၌လည်းကောင်း လက်ခံကျင်းပခဲ့သည်။ မူလက ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြိုင်ပွဲကို ၂၀၂၃ခုနှစ် စက်တင်ဘာလသို့ ရွှေ့ဆိုင်းခဲ့သည်။ ၂၀၂၃ခုနှစ်သို့ ပြောင်းလဲကျင်းပသော်လည်း ပြိုင်ပွဲနှင့် သက်ဆိုင်ရာများကို ၂၀၂၂ ခေါင်းစဉ်ဖြင့်သာ ကျင်းပမည်ဖြစ်သည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]အိမ်ရှင်ရွေးချယ်ခြင်း
[ပြင်ဆင်ရန်]၂၀၂၂ပွဲတော်အတွက် အိမ်ရှင်နေရာကို လျှောက်ထားသည့် မြို့မှာ ဟန်ကျိုးမြို့ တစ်မြို့တည်းသာရှိသည်။ တရုတ် အိုလံပစ်ကော်မတီအနေဖြင့် ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကို လက်ခံကျင်းပခွင့် ရရှိပြီးနောက် ၂၀၂၂ အာရှအားကစားပြိုင်ပွဲကိုလည်း လက်ခံကျင်းပခွင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် အိမ်ရှင်ဖြစ်ခွင့် ယှဉ်ပြိုင်ရန် ရှိသော်လည်း အစိုးရထံမှ အကြောင်းပြန်မှု နှောင့်နှေးသဖြင့် လျှောက်လွှာတင်ရန် နောက်ဆုံးရက်ကို ကျော်လွန်သွားခဲ့သည်။ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီအနေဖြင့် နောက်ဆုံးရက်ကို ရွှေ့ဆိုင်းပေးရန် အာရှ အိုလံပစ်ကောင်စီကို တင်ပြသော်လည်း ငြင်းပယ်ခဲ့သည်။ ဟောင်ကောင် အထူးဒေသအစိုးရသည်လည်း ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရန် ရည်ရွယ်ခဲ့သော်လည်း ဘဏ္ဍာငွေ ဖြတ်တောက်မှု အခြေအနေများကြောင့် လက်လျှော့ခဲ့သည်။ထို့ကြောင့် ဟန်ကျိုးမြို့သည် ပြိုင်ဘက်မရှိ ၂၀၂၂ ပွဲတော်များကိုကျင်းပခွင့် ရခဲ့သည်။
၂၀၂၂ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ် | ||||||
---|---|---|---|---|---|---|
မြို့ | အမျိုးသားအိုလံပစ်ကော်မတီ | ပထမအကျော့ | ||||
ဟန်ကျိုးမြို့ | ![]() |
ပြိုင်ဘက်ကင်း |
ပြိုင်ပွဲရွှေ့ဆိုင်းခြင်း
[ပြင်ဆင်ရန်]အားကစားပြိုင်ပွဲကို မူလက ၂၀၂၂ခုနှစ် စက်တင်ဘာ (၁၀) ရက်မှ (၂၅) ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အခြေအနေများကြောင့် ၂၀၂၂ခုနှစ် မေလ (၆)ရက်နေ့တွင် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။ ပြိုင်ပွဲကို ၂၀၂၃ခုနှစ် စက်တင်ဘာလတွင်မှ ကျင်းပမည်ဖြစ်သည်။[၂] တရုတ်နိုင်ငံသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း ပေကျင်းမြို့က လက်ခံကျင်းပသော ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကိုလည်း ပရိသတ်များမပါဝင်ဘဲ ကျင်းပခဲ့ရသည်။
အားကစားကွင်းများ
[ပြင်ဆင်ရန်]၂၀၂၂ အာရှအားကစားပြိုင်ပွဲအတွက် (၄၄) နေရာကို အသုံးပြုမည်ဖြစ်သည်။ နေရာ(၃၀)သည် ရှိပြီးသားဖြစ်ပြီး (၁၄)နေရာကို အသစ်ထပ်မံတည်ဆောက်ထားသည်။
ပြိုင်ပွဲအထိမ်းအမှတ်များ
[ပြင်ဆင်ရန်]အထိမ်းအမှတ်တံဆိပ်
[ပြင်ဆင်ရန်]၂၀၂၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ Surging Tides ဟုအမည်ရသည်။ ထိုအမှတ်တံဆိပ်တွင် တရုတ်ရိုးရာ ယပ်တောင်၊ ကျင်တန်းမြစ်၊ ဒီရေလှိုင်း၊ ပြေးလမ်းကြောင်း၊ အင်တာနက်အမှတ်အသားနှင့် အာရှအိုလံပစ်ကောင်စီ၏ တောက်ပနေသော နေဝန်းနီကြီး ပါဝင်သည်။ အဓိပ္ပါယ်မှာ တရုတ်ဝိသေသများ ပါဝင်သော ဆိုရှယ်လစ်စနစ်၏ ကြီးကျယ်သော အကြောင်းအရာများသည် အနာဂတ်တွင် အရှိန်အဟုန်ဖြင့် သွားနေသည်ကို ဖော်ညွှန်းထားသည်။ ထို့အပြင် အာရှအိုလံပစ်ကောင်စီ၏ စည်းလုံးမှု၊ ကြံခိုင်မှုနှင့် တိုးတက်မှုတို့ကိုလည်း ဖော်ပြသည်။ ဤအထိမ်းအမှတ်တံဆိပ်ကို ၂၀၁၈အင်ဒိုနီးရှား - ဖလန်ပင်ပွဲတော် ပိတ်ပွဲအခမ်းအနားတွင် အသုံးပြုရန်အတွက် ၂၀၁၈ခုနှစ် ဩဂုတ်လတွင် ထုတ်ဖော်ပြသခဲ့သည်။ [၃]
လာဘ်ကောင်
[ပြင်ဆင်ရန်]၂၀၂၂အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ Congcong၊ Lianlianနှင့် Chenchen ဟုအမည်ရကြသော အားကစားစက်ရုပ်များ ဖြစ်ကြသည်။ ထိုစက်ရုပ်များသည် ဟန်ကျိုးမြို့ရှိ ကမ္ဘာ့အမွေအနှစ်များကို ကိုယ်စားပြုသည့် စက်ရုပ်များဖြစ်သည်။ Congcong သည် Liangzhuဒေသရှိ တူးဖော်ရရှိသော နေရာကိုလည်းကောင်း၊ Lianlianသည် အနောက်ရေကန်ကို ကိုယ်စားပြုသည်။ Chenchenသည် ပေကျင်း-ဟန်ကျိုး တူးမြောင်းကြီးကို ကိုယ်စားပြုသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြီးကျယ်စွာ ဖြစ်ပွားနေသည့် အချိန်ကာလဖြစ်သော ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ဤလာဘ်ကောင်များကို ကြေညာခဲ့ခြင်းဖြစ်သည်။[၄]
ပွဲအခမ်းအနားများ
[ပြင်ဆင်ရန်]ဖွင့်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]ဟန်ကျိုးမြို့၏ Hangzhou Sports Park Stadium တွင် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားကို ဘေကျင်းမြို့တွင် ကျင်းပခဲ့သော ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့သူ Sha Xiaolan က ဦးဆောင်စီစဉ်သည်။ အခမ်းအနားကို နိုင်ငံတော်သမ္မတမှ ချီးမြှင့်တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌ မစ္စတာသောမတ်ဘာချ်လည်း တက်ရောက်ခဲ့သည်။
ပိတ်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]ပိတ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင့် ကျင်းပမည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ပါဝင်သော အားကစားနည်းများ
[ပြင်ဆင်ရန်]- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
Breakdancing
- ဗေ့စဘော
ဗေ့စဘော
softball
ဘတ်စကက်ဘော
- 3×3 basketball
- 5×5 basketball
- ကတ်အားကစားနည်းများ
bridge
စစ်တုရင်
Go
Xiangqi
လက်ဝှေ့
- ကနူးလှေ
Slalom
Sprint
ရိုးရာလှေ
- စက်ဘီးစီး
BMX
Mountain bike
Road
Track
မြင်းစီး
အီလက်ထရောနစ် အားကစားနည်းများ[၅]
ဓားသိုင်းအတတ်
ဟော်ကီ
ဘောလုံး
ဂေါက်သီးရိုက်
- ကျွမ်းဘား
Artistic
Rhythmic
Trampolining
Handball
ဂျူဒို
ဂျူဂျစ်ဆု
Kabaddi
ကရာတေး
ကူရတ်ရှ်
ခေတ်သစ် အားကစားနည်း၅မျိုးလက်ဆင့်ကမ်း
- Roller sports
- Roller skating
Skateboarding
လှေလှော်
၇ယောက် ရက်ဘီ
ရွက်လှေ
ပိုက်ကျော်ခြင်း
သေနတ်ပစ်
တောင်တက်
Squash
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
- တင်းနစ်
တင်းနစ်
Soft tennis
အားကစားနည်း၃မျိုး လက်ဆင့်ကမ်း
- ဘော်လီဘော
ကမ်းခြေ ဘော်လီဘော
ရုံတွင်း ဘော်လီဘော
အလေးမ
နပန်း
ဝူရှူး
ဆုတံဆိပ်ရရှိမှုများ
[ပြင်ဆင်ရန်]ပါဝင်သည့်နိုင်ငံများ
[ပြင်ဆင်ရန်]အာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်(၄၅)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု ခန့်မှန်းရသည်။ ပထမဆုံးအနေဖြင့် အာရှပြင်ပရှိ သမုဒ္ဒရာပိုင်းဇုန်မှ နိုင်ငံများကိုလည်း ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့သည်။ အိုလံပစ် ဝင်ခွင့်အတွက် ခွဲတမ်းယှဉ်ပြိုင်ခွင့် တူညီလေ့ရှိသည့် အချို့သော အားကစားနည်းများ (ဥပမာ- လက်ဝှေ့၊ လှေလှော်) တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ဩစတြေးလျနှင့် နူးဇီလန်နိုင်ငံတို့သည် အားကစားသမားများ မစေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
IOC | နိုင်ငံ | အားကစားသမားဦးရေ |
---|---|---|
AFG | ![]() |
|
BRN | ![]() |
|
BAN | ![]() |
|
BHU | ![]() |
|
BRU | ![]() |
|
CAM | ![]() |
|
CHN | ![]() |
|
HKG | ![]() |
|
IND | ![]() |
|
INA | ![]() |
|
IRI | ![]() |
|
IRQ | ![]() |
|
JPN | ![]() |
|
JOR | ![]() |
|
KAZ | ![]() |
|
PRK | ![]() |
|
KOR | ![]() |
|
KUW | ![]() |
|
KGZ | ![]() |
|
LAO | ![]() |
|
LBN | ![]() |
|
MAC | ![]() |
|
MAS | ![]() |
|
MDV | ![]() |
|
MGL | ![]() |
|
MYA | ![]() |
|
NEP | ![]() |
|
OMA | ![]() |
|
PAK | ![]() |
|
PLE | ![]() |
|
PHP | ![]() |
|
QAT | ![]() |
|
KST | ![]() |
|
SGP | ![]() |
|
SRI | ![]() |
|
SYR | ![]() |
|
TPE | ![]() |
|
TJK | ![]() |
|
THA | ![]() |
|
TLS | ![]() |
|
TKM | ![]() |
|
UAE | ![]() |
|
UZB | ![]() |
|
VIE | ![]() |
|
YEM | ![]() |
ကိုးကား
[ပြင်ဆင်ရန်]- ↑ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည်။ 31 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 December 2021 တွင် ပြန်စစ်ပြီး။
- ↑ "OCA Press Release on Hangzhou Asian Games 2022 and Shantou Asian Youth Games 2021"၊ အာရှ အိုလံပစ်ကောင်စီ၊ ၆ မေ ၂၀၂၂။ 6 May 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 6 May 2022။
- ↑ Hangzhou 2022 launch official emblem as prepare to succeed Jakarta Palembang 2018 as Asian Games hosts။
- ↑ Congcong, Lianlian and Chenchen: Robot Triplets Unveiled as Hangzhou 2022 Asian Games Mascots။
- ↑ အာရှအားကစားပြိုင်ပွဲ Esports အားကစားနည်းတွင် EA Sports FIFA အပါအဝင် ပြိုင်ပွဲအမျိုးအစား ရှစ်မျိုး ပါဝင်မည်။