မာတိကာသို့ ခုန်သွားရန်

ကန့်သတ်မဲ့ရင်းမြစ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကြီး

ဝီကီပီးဒီးယား မှ

ကန့်သတ်မဲ့ရင်းမြစ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကြီး သို့မဟုတ် အတိုကောက် အိုအက်စ်ဒီ(OSD)ဟုခေါ်သော ဖွင့်ဆိုချက်ကြီးသည် ကန့်သတ်မဲ့ရင်းမြစ် ရှေ့ဆောင်အဖွဲ့ကြီး (Open Source Initiative) မှ ထုတ်ဝေသော စာတမ်းတစ်ခုဖြစ်သည်။ ဘရု(စ်)ပဲရန်း (Bruce Perens)ရေးသားသည့် ဒယ်ဘီယံ၏ လွတ်လပ်သော ဆော့ဖ်ဝဲ လမ်းညွှန်မှ ဆင်းသက်လာပြီး၊ ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲလ်ဖြစ်မဖြစ် စစ်ဆေးရာတွင် အသုံးအများဆုံးစံနှုန်းဖြစ်သည်။ ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲအဖြစ်သတ်မှတ်နိုင်ရန် စံသတ်မှတ်ချက်ဆယ်ခု ရှိသည်။

စံသတ်မှတ်ချက်ဆယ်ခု

[ပြင်ဆင်ရန်]

အရင်းအမြစ်ကုဒ်ကို အသုံးပြုခွင့်ပေးရုံမျှနှင့် ဆော့ဖ်ဝဲတစ်ခုကို "ကန့်သတ်မဲ့ရင်းမြစ်" ဟု သတ်မှတ်ရန် မလုံလောက်ပါ။[] ကန့်သတ်မဲ့ရင်းမြစ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကြီးအရ ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲအဖြစ်သတ်မှတ်နိုင်ရန် အောက်ပါ စံသတ်မှတ်ချက်ဆယ်ခု ပြည့်မီရန် လိုအပ်သည်။[][]

  1. အခမဲ့ ပြန်လည်ဖြန့်ဝေနိုင်ရမည်။[]
  2. အရင်းအမြစ်ကုဒ်ကို အသုံးပြုခွင့်ပေးရမည်ဖြစ်ပြီး၊ လိုင်စင်သည် (စက်သုံးကုဒ်(object code)ဖြစ်နေသော ပရိုဂရမ်သာမကပဲ) အရင်းအမြစ်ကုဒ် ပုံစံဖြင့် ပြန်လည်ဖြန့်ဖြူးခြင်းကို ခွင့်ပြုရပါမည်။[] ဆော့ဖ်ဝဲကို ပြုပြင်မွမ်းမံရန်အတွက်၊ အရင်းအမြစ်ကုဒ်အတွင်း ဝင်ရောက်ကြည့်ရှု ပြင်ဆင်အသုံးပြုရန် လိုအပ်ပါသည်။[]
  3. ၎င်းရင်းမြစ်ကုဒ်မှ ဆင်းသက်လာသော (ဆိုလိုသည်မှာ၊ ၎င်းကို အခြေခံပြီး ပြုပြင်မွန်းမံရာမှ ဖြစ်လာသော ရင်းမြစ်ကုဒ်အသစ် စသည့်) ရလဒ်ထုတ်ကုန်များကို အဆိုပါမူလအခြေခံရင်းမြစ်ကုဒ်နှင့် တူညီသော လိုင်စင်နှင့် လုပ်ပိုင်ခွင့်များအတိုင်း ပြန်လည်ဖြန့်ဝေနိုင်ရမည် ဖြစ်ပြီး၊ ဤရလဒ်ထုတ်ကုန် အသစ်ကို အခြေခံပြီး နောက်ထပ်ရလဒ်ထုတ်ကုန် ဖန်တီးခြင်းကိုလည်း ခွင့်ပြုရပါမည်။[]
  4. မူရင်းဆော့ဖ်ဝဲကို မပြောင်းလဲပဲ နဂိုအတိုင်း ဖြန့်ဝေရမည်ဟူသော လိုင်စင်ဖြင့် ဖြန့်ဝေနိုင်သော်လည်း၊ ၎င်းဆော့ဖ်ဝဲအပေါ် ပြုပြင်မွမ်းမံမှုများကို ကန့်သတ်မှုမရှိဘဲ ဆော့ဖ်ဝဲဖာထေးမှုများ(Patches)အဖြစ် ဖြန့်ဝေခွင့်ကိုလည်း ပေးရမည်ဖြစ်သည်။[][]
  5. အသုံးပြုသူများအကြား ခွဲခြားဆက်ဆံမှုမရှိစေရ။ (ဆိုလိုသည်မှာ၊ ဆော့ဖ်ဝဲအသုံးပြုသူတိုင်းသည် တူညီသော ဆော့ဖ်ဝဲအင်္ဂါရပ်(features)များကို သုံးနိုင်ခွင့်ရှိရမည်။)[]
  6. စီးပွားဖြစ်အသုံးပြုမှုအပါအဝင် အသုံးပြုမှုတစ်ခုနှင့် တစ်ခုအကြားတွင် ခွဲခြားဆက်ဆံမှုမရှိစေရ။ (ဆိုလိုသည်မှာ၊ မည်သည့်အတွက်သာသုံးရမည်ဟူသော ကန့်သတ်ချက်မျိုး မရှိစေရ။)[]
  7. ပရိုဂရမ်၏မိတ္တူကို လက်ခံရရှိသူတိုင်းအား ကန့်သတ်မဲ့ရင်းမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့်အားလုံးကို ပေးအပ်ရမည်။[]
  8. ကန့်သတ်မဲ့ရင်းမြစ်ဆိုင်ရာလိုင်စင်သည် ကုဒ်အားလုံး အတွက် အကျုံးဝင်ရမည်ဖြစ်ပြီး၊ ကုဒ်များအထဲမှ သီးသန့်အပိုင်းတစ်ခုအတွက်သာ သို့မဟုတ် ကွန်ပျူတာ စက်လည်ပတ်ရေးစနစ်၏ ဖြန့်ဖြူးမှုပုံစံ (distribution) တစ်ခုအတွက်သာ အကျုံးဝင်သည်ဟု ကန့်သတ်ခြင်း မရှိစေရ။[][]
  9. လိုင်စင်သည် လိုင်စင်ရဆော့ဖ်ဝဲနှင့်အတူ ဖြန့်ဝေထားသည့် အခြားဆော့ဖ်ဝဲများအပေါ် ကန့်သတ်ချက်များ မထားရှိရပါ။[] ဥပမာအားဖြင့်၊ လိုင်စင်သည် တူညီသော ကြားခံ(ဥပမာ၊ စီဒီရွန်)ပေါ်တွင် ဖြန့်ဝေထားသော အခြားပရိုဂရမ်အားလုံးသည် ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲဖြစ်ရမည်ဟု လိုင်စင်က မတောင်းဆိုရပါ။
  10. နည်းပညာဆိုင်ရာကြားနေမှု ရှိရမည်။ [] — လိုင်စင်သည် မည်သည့်နည်းပညာ သို့မဟုတ် မည်သည့်အင်တာဖေ့စတိုင် (Interface Style)ကိုသာ အသုံးပြုရမည်ဆိုပြီး ကန့်သတ်ခြင်း မရှိစေရ။

ကိုးကား

[ပြင်ဆင်ရန်]
  1. Greenleaf၊ Graham; Lindsay၊ David (2018)။ Public Rights: Copyright's Public Domains (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cambridge University Press။ p. 485။ ISBN 978-1-107-13406-5
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ Erlich၊ Zippy (2007)။ "Open Source Software"။ Handbook of Research on Open Source Software။ IGI Global။ pp. 187–188။ ISBN 978-1591409991
  3. Gardler၊ Ross; Walli၊ Stephen R (2022)။ "Evolving Perspective on Community and Governance"။ Open Source Law, Policy and Practice။ Oxford University PressOxford။ p. 47–48, 52။ doi:10.1093/oso/9780198862345.003.0002ISBN 978-0-19-886234-5
  4. ၄.၀ ၄.၁ ၄.၂ Laurent၊ Andrew M. St (2004)။ Understanding Open Source and Free Software Licensing: Guide to Navigating Licensing Issues in Existing & New Software (အင်္ဂလိပ်ဘာသာစကားဖြင့်)။ O'Reilly Media, Inc.။ pp. 9–11။ ISBN 978-0-596-55395-1

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]