မာတိကာသို့ ခုန်သွားရန်

တောင်သာမြို့

ဝီကီပီးဒီးယား မှ
တောင်သာမြို့
မြို့
မြို့လယ်နာရီစင်
မြို့လယ်နာရီစင်
တောင်သာမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တောင်သာမြို့
တောင်သာမြို့
တောင်သာမြို့တည်နေရာ
ကိုဩဒိနိတ်: 21°16′44″N 95°26′48″E / 21.27889°N 95.44667°E / 21.27889; 95.44667
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်မြင်းခြံ
မြို့နယ်တောင်သာမြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၁၆,၃၉၉ []
 • ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြင်းခြံခရိုင်တောင်သာမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ တောင်သာမြို့သည် သာစည်-မြင်းခြံ မီးရထားလမ်းနှင့် ‌မော်‌တော်ကားလမ်း‌ပေါ်၌ တည်ရှိ၍ မြင်းခြံမှ ၁၄ မိုင် ကွာ‌ဝေးသည်။ မြို့ပင်ငယ်‌သော်လည်း အ‌ရောင်းအဝယ် အလွန်စည်ကားသည်။ ထင်ရှား‌သော ထွက်ကုန်များမှာ ထန်းလျက်၊ ဆီ၊ ဝါ၊ နှမ်း၊ ပြောင်းတို့ဖြစ်သည်။ ‌တောင်သာထန်းလျက်သည် ကုန်သည် လောကတွင် ထင်ရှားသည်။

‌တောင်သာမြို့နယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင် ပေါင်း ၅၁၆ မိုင်မျှရှိ၍၊ ၁၉၅၃ မိုင်မျှရှိ၍၊ ၁၉၅၃ ခုနှစ် သန်း‌ခေါင်စာရင်းအရ လူဦး‌ရေ ၅၄၁၈ ‌ယောက်ရှိသည်။ []

သမိုင်းဖြစ်ရပ်ဆိုး

[ပြင်ဆင်ရန်]

၁၉၄၂ ခု မျက်နှာဖြူတပ်များ အိန္ဒိယသို့ ဆုတ်ခွါစဉ်တွင် ဖြစ်သည်။ ဧပြီလ ၂၃ ရက်တွင် တောင်သာရွာ (ထိုစဉ်က မြို့မဖြစ်သေး) မှ မီတာ ၂၀၀ ခန့်အကွာ၌ စခန်းချစဉ် ရွာမှ မီးခိုးများတက်လာကာ အမျိုးသမီးတချို့ စခန်းချရာဘက်သို့ ပြေးလာသည်။ ရွာထဲသို့ တပ်သားတချို့သွားကာ အကြောင်းရင်းကို မေးမြန်းသော်လည်း ကျေနပ်လောက်သည့်အဖြေ မရသောကြောင့် တွေ့ရသမျှ ရွာသူရွာသားများကိုခေါ်ကာ ချောင်းနားတွင် ပစ်သတ်သည်။ ဤဖြစ်စဉ်ကြောင့် ၂၇ ဦး သေ၏။ ဖြစ်စဉ်တွင် ပါဝင်သူ ဒုဗိုလ် ပတ်ထရစ်က နောင်တွင် ဝန်ခံထုတ်ဖော်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅
  3. Ex-officer Tells How Villagers Were Slain. SCMP. 1984 Jun 10.