မာတိကာသို့ ခုန်သွားရန်

မရှိခဏစေတီတော်

ဝီကီပီးဒီးယား မှ
မရှိခဏစေတီတော်
သူခိုးကြီး ငတက်ပြား လှူထားခဲ့သည်ဆိုသော မရှိခဏ (မဟီယင်္ဂဏ) စေတီတော်
မရှိခဏစေတီတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မရှိခဏစေတီတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာစစ်ကိုင်းမြို့
ကိုဩဒိနိတ်21°53′12″N 95°59′03″E / 21.8866984°N 95.9840576°E / 21.8866984; 95.9840576ကိုဩဒိနိတ်: 21°53′12″N 95°59′03″E / 21.8866984°N 95.9840576°E / 21.8866984; 95.9840576
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူငတက်ပြား

မရှိခဏစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်၊ မင်းဝံတောင်ညွန့် ကုန်းမြင့်အထက်တွင် ကိန်းဝပ်စံပယ်တော်မူလျက် ရှိပြီး၊ သက္ကရာဇ် ၇၂၆-ခုနှစ်၊ အင်းဝနန်းစံ သတိုးမင်းဖျားလက်ထက်၊ ထင်ရှားကျော်စောလှသည့် စစ်ကိုင်းရေဝန် အရပ်သား သူခိုးကြီး ငတက်ပြား တည်ထားကိုးကွယ်ခဲ့ပြီး သူခိုးကြီးငတက်ပြားသည် ဘုရားတည်စဉ် ငွေလိုက ခဏသာဖြစ်သည်ကို အစွဲပြု၍ မရှိခဏစေတီဘွဲ့အမည် ဆက်ကပ်ခဲ့သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြသည်။

အချို့ကလည်း သက္ကရာဇ် ၇၈၈-ခုနှစ် အင်းဝနန်းစံ မိုးညှင်းမင်းတရားကြီး၏ သူရဲကောင်း ရာဇသင်္ကြန် တည်ထားခဲ့သည်ဟု ယူဆကြသည်။ (ပုဂံမင်း ဥဇာနာမှ နရသီဟပတေ့ လက်ထက်ထိ ထင်ရှားသောအမတ် ရာဇသင်္ကြန် မဟုတ်ပါ) မိုးညှင်းမင်းတရားလက်ထက်တွင် ပေါ်ပေါက်ခဲ့သော ဘယဂါမဏီ၊ ရာဇသင်္ကြန် ရန်လိုကျွဲဟူသော သူရဲကောင်းညီနောင် သုံးဦးအနက်မှ ရာဇသင်္ကြန်သည် အလတ်ဖြစ်ပြီး၊ စေတီတော်ကို မဟီယင်္ဂဏဟု ဘွဲ့အမည် ဆက်ကပ်ခဲ့ကြောင်း ဆိုကြသည်။

အကြိမ်ကြိမ် တုန်လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် မူလစေတီတော်ကြီးမှာ အုတ်ပုံအတိပြိုကျ ပျက်စီးခဲ့သဖြင့် မူလစေတီတော်၏ ပုံစံအစစ်အမှန်ကို ခန့်မှန်း၍ မရနိုင်သည့်အပြင် ဘွဲ့အမည်တော်ကို အတည်ပြုနိုင်သည့် သမိုင်းအထောက်အထား ကျောက်စာမင်စာများကို တွေ့နိုင်ခြင်း မရှိတော့ပေ။ ၁၃၅၅-ခုနှစ်တွင် စေတနာရှင်များက ယခုဖူးမြင်နေရသည့် ပုံစံတော်အတိုင်း ပြန်လည်တည်ထားခဲ့ပြီး သူခိုးကြီးငတက်ပြား တည်ထားခဲ့သည်ဟု ယုံကြည်စွာဖြင့် သူခိုးကြီးငတက်ပြား၏ ကြင်သူသက်ထား အမေဂျမ်းရုပ်တုကိုလည်း ထုလုပ်ထားသည်။[]

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား Mw ၇.၇ ရှိ ငလျင်ကြောင့် စေတီပြိုကျပျက်စီးခဲ့သည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ဒု-တွဲ) ၂၀၁၂-ခု၊ ဇန်နဝါရီလထုတ်၊ စာ-၂၆
  2. "Malaysian rescue team focuses on rescuing victims trapped in places of worship and schools in search for Myanmar quake survivors" (in en)၊ Malay Mail၊ 31 March 2025။ 
  3. "Aftermath of the Myanmar earthquake – a visual guide"၊ The Guardian၊ 31 March 2025။