မာတိကာသို့ ခုန်သွားရန်

မာရဇ္ဇ

ဝီကီပီးဒီးယား မှ
မာရဇ္ဇ
အမည်ရင်းသိန်းဇော်
မွေးဖွား(1967-10-20)အောက်တိုဘာ ၂၀၊ ၁၉၆၇
မင်းလှမြို့မကွေးတိုင်းဒေသကြီး
ကွယ်လွန်ဇန်နဝါရီ ၂၃၊ ၂၀၂၅(2025-01-23) (အသက် ၅၇)
ရန်ကုန် ဗဟိုစည်ဆေးရုံ
ဂီတဟန်ရော့ခ်
အလုပ်အကိုင်အဆိုတော်၊တေးရေးဆရာ
တူရိယာဂစ်တာ

မာရဇ္ဇ (၂၀ အောက်တိုဘာ ၁၉၆၇-၂၃ ဇန်နဝါရီ ၂၀၂၅) သည် မြန်မာနိုင်ငံမှ ထင်ရှားသော အမျိုးသားအဆိုတော်နှင့် တေးရေးဆရာဖြစ်သည်။ ကော်ပီသီချင်းခေတ်တွင် ကိုယ်ပိုင်သံစဉ်များကိုသာ သီဆိုသူ တစ်ဦးအဖြစ် လူသိများသည်။ ယင်းအပြင် ရော့ခ်သီချင်း၊ ရော့ခ်ဂီတလမ်းကြောင်းပေါ်မှနေ၍ မသွေဖည်သည့် အဆိုတော်အဖြစ် သတ်မှတ်ခံထားရသည်။

မာရဇ္ဇကို အထက်မင်းလှ ဟု လူသိများသည့် မကွေးတိုင်း၊ မင်းလှမြို့တွင် အဖဦးသိန်းမြင့်၊ အမိဒေါ်ခင်နု တို့က မွေးဖွားခဲ့သည်။ မွေးချင်း ၂ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်အမည်မှာ သိန်းဇော် ဖြစ်သည်။ ငယ်ဘဝကို မင်းလှမြို့တွင်ပင် ဖြတ်သန်းခဲ့သည်။

အဆိုတော်ဘဝ

[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိပြီး အဆိုတော်ဖြူသီ၏ အိုအေစစ်စတူဒီယို၌ Iron Cross တေးဂီတအဖွဲ့ဖြင့် ပုံရိပ်မဲ့ဂရပ်ဖစ် တေးစီးရီးကို ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားဖြင့် ရေးသားသီဆို စတင် အသံသွင်းခဲ့သည်။ ထိုကာလမှ စပြီး တေးဂီတလောကထဲ စတင်ဝင်ရောက်ခဲ့သည်။ သူ၏ ပုံရိပ်မဲ့ဂရပ်ဖစ် တေးစီးရီးကို နှင်းဆီလှိုင်တေးထုတ်ရေးက ဖြန့်ချိခဲ့ပြီးနောက် တေးစီးရင်းတွင်ပါသည့် ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး စာသားပါ ဆွဲအားသီချင်းကို လူအများက လက်ခံအားပေးခဲ့ကြသည်။ ထိုသီချင်းဖြင့် စတင်နာမည်ကြီးလာသည်။ သူသည် ယခင်က တေးစီးရီးထဲ ရော့ခ်သီချင်းအပြင်၊ country သီချင်း စသည်ဖြင့် စုံလင်နေအောင် ပါဝင်ဖန်တီးခဲ့ဖူးသော်လည်း ၂၀၀၄ ခုနှစ်က ဖြန့်ချိခဲ့သော ဇာတ်ပေါင်းတေးစီးရီးကစတင်၍ ရော့ခ်လမ်းကြောင်းပေါ်တွင်သာ မသွေဖည်သော ပုံစံဖြင့်သာ ပြောင်းလဲလုပ်ကိုင်ခဲ့သည်။[] ထိုနောက်ပိုင်းက စပြီး တေးစီးရီးများ ဆက်လက်ထုတ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အချိန်အခါ တေးစီးရီး၊ ၂၀၁၉ ခုနှစ်တွင် ဥဒါန်း တေးအယ်လ်ဘမ် ကို ဖြန့်ချိခဲ့သည်။[]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ကိုယ်ပိုင်သံစဉ် ရောခ့် သီချင်းများ ဖန်တီးခဲ့သူ အဆိုတော် မာရဇ္ဇ (ခေါ်) ဦးသိန်းဇော် သည် ကျောက်ကပ်ရောဂါဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၇ မိနစ် အချိန်တွင် ရန်ကုန်မြို့၊ ဗဟိုစည်ဆေးရုံ၌ ကွယ်လွန်သည်။[] မာရဇ္ဇ ၏ နောက်ဆုံးခရီး ဈာပနကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့၊ နေ့လယ် (၂) နာရီတွင် ရေဝေးသုသာန် ၌ ပြုလုပ်သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်စန်းစန်းဝင်း ဖြစ်ပြီး လုလု နှင့် ထာဝရ သမီး ၂ ဦး မွေးဖွားခဲ့သည်။

ထုတ်လုပ်ဖြန့်ချိခဲ့သော ထင်ရှားသည့် တေးစုများ

[ပြင်ဆင်ရန်]
  1. ပုံရိပ်မဲ့ဂရပ်ဖစ် (၁၉၉၃)
  2. မိစ္ဆာအတွက်ကရုဏာ
  3. မျှော်လင့်ခြင်းလမင်း
  4. ဂမ္ဘီရမိုးကြိုး
  5. ကိုရုပ်ဆိုး
  6. ပျားရည်မြစ်
  7. ကဥ္စနာ
  8. ရွှေရောင်ကောင်းကင်
  9. အချစ်ငတ်သားကောင်
  10. ရွှေရတီ (၂၀၀၂)
  11. ဇာတ်ပေါင်း (၂၀၀၄)
  12. သေချာပါတယ်
  13. အချိန်အခါ (၂၀၁၆)
  14. ဥဒါန်း (၂၀၁၉)
  15. ၁၂လက်မ ၁ပေ

ကိုးကား

[ပြင်ဆင်ရန်]
  1. ရော့ခ်ချည်းသက်သက် ပါဝင်မယ့် မာရဇ္ဇ ရဲ့ တေးစီးရီးသစ် ထွက်မည်The Irrawaddy (၂၅ ဇန်နဝါရီ ၂၀၂၅)။ ၂၀ မေ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. အသစ်ထွက်ရှိလာသည့် ရော့ခ်ကာကြီး မာရဇ္ဇသီချင်းသစ်-ခေတ်ပျက်ဟာသ(ရုပ်သံ)DVB Burmese (၂၅ ဇန်နဝါရီ ၂၀၂၅)။ ၁၁ အောက်တိုဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံကျော်အဆိုတော် မာရဇ္ဇ ကွယ်လွန်RFA (၂၅ ဇန်နဝါရီ ၂၀၂၅)။ ၂၄ ဇန်နဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။