မာတိကာသို့ ခုန်သွားရန်

မုန့်သာ ဝေစားနိုင်သည်၊ လင်ကို မဝေငှနိုင်'

ဝီကီပီးဒီးယား မှ

မုန့်သာ ဝေစားနိုင်သည်၊ လင်ကို မဝေငှနိုင် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မုန့်သာ ဝေစားနိုင်သည်၊ လင်ကို မဝေငှနိုင်” ဆိုသည်မှာ “မုန့်” (အစားအစာ) ကဲ့သို့သော ပစ္စည်းဥစ္စာများကို အခြားသူများနှင့် ဝေမျှစားသုံးနိုင်သော်လည်း “လင်” (ခင်ပွန်း) ကိုမူ အခြားသူနှင့် မျှဝေ၍ မချစ်နိုင်၊ လက်မခံနိုင်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အချစ်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ သဘောတရားကို ဖော်ပြသည်။ အစားအစာကဲ့သို့သော ပြင်ပပစ္စည်းများကို ဝေမျှနိုင်သော်လည်း အချစ်သည် နှစ်ဦးကြားတွင်သာ ရှိသင့်သော သီးသန့်ပိုင်ဆိုင်မှုဖြစ်သည်ဟု ယူဆကြသည်။ “ထမင်းကိုသာ ဝေ၍ စားလိုက်ချင်၏၊ လင်ကိုကား မဝေနိုင်” ဟူ၍လည်း အသုံးပြုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "မုန့်ကိုသာ ဝေငှစားမည်၊ လင်ကို မဝေငှနိုင်ဘူးဆိုတဲ့ ရှေးလူကြီးများ စကားနှင့်အညီ ဒေါ်မွှေးမြိုင်က လင်ဂုဏ်ကို ကိုးပြီးတော့ အမျိုးမျိုးပြောဆိုသည်မှာ…၊" []
  • "ထမင်းကိုသာ ဝေ၍ စားလိုက်ချင်၏၊ လင်ကိုကား မဝေနိုင်ဆိုသည့် စကားနှင့်အညီ… အချစ်ကို ဝေရမည့်အလုပ်မှာမူကား မိန်းမတို့ဓမ္မတာ မည်သည့် နည်းနှင့်မျှ သည်းမခံနိုင်ရှာကြချေ။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၉] မှာ၊ ပ။ ၃၃။
  3. [၁၂၉၇-ခန့်] မိန်း။ ၁၀၃။