မာတိကာသို့ ခုန်သွားရန်

လှဖေ၊ ဦး (ဒဂုန်)

ဝီကီပီးဒီးယား မှ
ဒဂုန်ဦးလှဘေ
မွေးဖွား(၁၈၉၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၇"။-၁၄)ဇူလိုင် ၁၄၊ ၁၈၉၉
ရေတာရှည်မြို့
ကွယ်လွန်ဇူလိုင် ၉၊ ၁၉၈၆(၁၉၈၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၇"။-0၉) (အသက် ၈၆)
အလုပ်အကိုင်မြန်မာစာအဖွဲ့ဝင်
မိဘ(များ)ဦးရေချမ်း၊ ဒေါ်ပန်းဥ

ဒဂုန်ဦးလှဘေ (၁၄ ဇူလိုင် ၁၈၉၉–၉ ဇူလိုင် ၁၉၈၆) သည် သတင်းစာအယ်ဒီတာ၊ ထုတ်ဝေသူ၊ စာရေးဆရာ၊တွေးခေါ်မှုပညာရှင်၊ မြန်မာစာပေပညာရှင်နှင့် မြန်မာစာအဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်သည်။

ဦးလှဘေကို ၁၈၉၉-ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ရေတာရှည်မြို့၌ အဖ တောင်သူ ဦးရေချမ်းနှင့် အမိ ဒေါ်ပန်းဥတို့က မွေးဖွားခဲ့သည်။

ပညာရေး

[ပြင်ဆင်ရန်]

ဆရာကြီးသည် တောင်ငူမြို့ ဦးလက္ခဏာနော်မန်ကျောင်းတွင် ပညာသင်ကြားရာ ခေတ်ပညာနှင့် သဒ္ဒါ၊ သင်္ဂြုဟ် စသော ဘုန်းကြီးကျောင်းပညာများကိုပါ ဆည်းပူးခဲ့သည်။ ၁၉၁၈-ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ကိုးတန်းအောင်မြင်သည်။ ၁၉၂၀-၂၁ခုနှစ်တွင် မန္တလေးမြို့ရှိ သမဝါယမပညာနှင့် စာရင်းစစ်ပညာ အောင်မြင်ခဲ့သည်။

အလုပ်တာဝန်များ

[ပြင်ဆင်ရန်]

၁၉၂၁-ခုနှစ်တွင် မန္တလေးတိုင်း သမဝါယမဝန်ထောက် ဦးမောင်မောင်ပြားထံတွင် တွဲဖက်စာရင်းစစ် အဖြစ် အမှုထမ်းသည်။ ၁၉၂၉-ခုနှစ်တွင် ဒဂုန် မဂ္ဂဇင်းအယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၄၀ ပြည့်နှစ်တွင် ဗြိတိသျှဘားမား ရုပ်ရှင်စာစောင်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၅-၄၆ ခုနှစ်တွင် ဟံသာဝတီ သတင်းစာ တွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ကိုယ်ပိုင်ရွှေပြည်တန် စာပုံနှိပ်တိုက်နှင့် စာပေထုတ်ဝေရေးများကို လုပ်ကိုင်ခဲ့သည်။ ၁၉၅၇-ခုနှစ်တွင် ဗိုလ်တထောင် သတင်းစာ တည်ထောင်သူတစ်ဦးအဖြစ် ပါဝင်သည်။ ၁၉၇၁-ခုနှစ် မြန်မာစာကော်မရှင် (ယခု မြန်မာစာအဖွဲ့) တွင် ကော်မရှင်အဖွဲ့ဝင်၊ ၁၉၇၅-ခုနှစ်တွင် မြန်မာစာအဖွဲ့ တွင် အချိန်ပြည့်အဖွဲ့ဝင် ဖြစ်လာသည်။ မြန်မာသဒ္ဒါနှင့် မြန်မာစာအဘိဓာန်ကျမ်းပြုစုရာတွင် ပါဝင်ခဲ့သည်။

ဆရာကြီးသည် ဗြိတိန်နိုင်ငံတွင် မြန်မာ-အင်္ဂလိပ်အဘိဓာန် ပြုစုနေသော အင်္ဂလိပ်လူမျိုး သုတေသီများနှင့် မြန်မာပညာရှိတို့ဆက်သွယ်၍ မြန်မာမှု မြန်မာစာပေဆိုင်ရာ ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတို့ကို တည်းဖြတ်ရာတွင် အကူအညီပေးခဲ့ရသည်။ သစ္စာဝါဒီသတင်းစာနှင့် မန္တလေးထုတ် သမဝါယမဟိတဂျာနယ်တို့တွင် ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ဒဂုန်ဦးလှဘေအမည်ဖြင့် မြန်မာ့စာပေယဉ်ကျေးမှုဆောင်းပါးများ အစဉ်တစိုက် ရေးသားခဲ့သည်။ ဗိုလ်တထောင်သတင်းစာ တွင် ခေါင်းစီးနှင့် စာပေယဉ်ကျေးမှုဆောင်းပါးများ ပင်တိုင်ရေးပေးခဲ့သည်။ စာတံခွန်၊ စာပေနှင့် ယဉ်ကျေးမှု၊တွေးခေါ်သိမြင်မှုဒဿနမြင်ကွင်း၊ ရွှေပြည်တန်နီတိ မြန်မာစာပေနှင့်ဘာသာစကားဆိုင်ရာ ဆောင်းပါးများ၊ယဉ်ကျေးမှုဆောင်းပါးများနှင့် တွေးခေါ်သိမြင်မှုဒဿနဆိုင်ရာဆောင်းပါးများကို ရေးသား ထုတ်ဝေခဲ့သည်။


ပြုစုခဲ့သောစာပေများ

[ပြင်ဆင်ရန်]

ဆရာကြီးရေးသားပြုစုသောစာအုပ်မှာ၄အုပ်ရှိ၍

၁။ရွှေပြည်တန်နီတိ

၂။စာတံခွန်

၃။စာပေနှင့် ယဉ်ကျေးမှု

၄။တွေးခေါ်သိမြင်မှုဒဿနမြင်ကွင်း

ဟူသောစာအုပ်များဖြစ်သည်။မြန်မာစာအဖွဲ့၏လုပ်ငန်းများဖြစ်သော မြန်မာအဘိဓာန်အကျဉ်းချုပ်(၅)တွဲ၊မြန်မာသဒ္ဒါကျမ်း နှင့်မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတို့ကို ပြုစုရာ၌လ ည်းပါဝင်ပြုစုခဲ့သည်။ဆရာကြီးသည် စစ်ပြန်မဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်း၊ဗိုလ်တထောင်သတင်းစာ၊ဒဂုန်မဂ္ဂဇင်း၊ စသုံးလုံးစာစောင်၊သစ္စာဝါဒီသတင်းစာ၊မြန်မာ့သမယဝါယမဟိတဂျာနယ်၊ဟံသာဝတီသတင်းစာ၊ယဉ်ကျေး မှုစာစောင်၊အတွေးအမြင်စာစောင်၊ပန်ရုပ်စုံမဂ္ဂဇင်း၊ တာရာမဂ္ဂဇင်း၊သူတို့ရေးသားမြန်မာ့ဆေးပညာ စသော စာနယ်ဇင်းများတွင် ဆောင်းပါးပေါင်းမြောက်မြားစွာ ကိုရေးသားခဲ့သည်။ရေးသားခဲ့သော ဆောင်းပါး၊ပြုစာ၊ အမှာစာ၊နိဒါန်းစကားများမှာ

၁။ကဿပ အရက်သောက်သူ

၂။ကမ္ဘာဖျက် စစ်ကြီးဖြစ်ရမည် ဆိုသည့်ဗေဒင်စကား

၃။ဂုဏ်သိက္ခာ

၄။စကြာ နှင့် ဗုဒ္ဓ

၅။စာတံခွန်

၆။ဆရာ့ကျေးဇူး

၇။ဆေးပညာသမိုင်း

၈။ဆေးပညာ အရှေ့အနောက် ပြန်လည်တွေ့ဆုံရေးသို့

၉။တရုတ်ပြည် ဆ၃လုံးနှင့် ဆ၅လုံး

၁၀။တာရာကလေး

၁၁။တောင်တွင်းဆရာတော် ရှင်ဥက္ကဋ္ဌ၏ အသက်ဝင်လှုပ်ရှားဘဝ

၁၁။ဒဂုန်ဦးလှဘေ၏ စာတံခွန်နိဒါန်း

၁၂။ဒဿနတံခွန်

၁၃။ဒီမိုကရေစီနှင့် အသိပေးရေး

၁၄။ဒီမိုကရေစီ ဝေဘန်မှု တိုးတက်မှု

၁၅။ဒဏ္ဍာရီ

၁၆။နဝဒေဝ

၁၇။"ပုခန်းသာသနာဝင်"၏ အမှာစကား

၁၈။ပြည်ပိုင်ရှင်

၁၉။ပြည်သူ့အမတ်ရွေးပွဲ

၂၀။ဗေဒင်(၄)ပုံ နှင့် မြန်မာမှု

၂၁။ဗုဒ္ဓကတော်လှန်ခဲ့သော ဝေဒ နှင့် ဝေဒန္တအဘိဓမ္မာ များ

၂၂။"ဗုဒ္ဓစာချွန်တော်" နိဒါန်း

၂၃။ဗုဒ္ဓစာဆိုတော်ကြီး အရှင်အသွဃောသ

၂၄။ဗုဒ္ဓဘာသာစာပေဖခင်ကြီး အရှင်မဟာဗုဒ္ဓဃောသ

၂၅။"ဗုဒ္ဓလမ်းစဉ်"၏ ကျမ်းဖွင့်စကား

၂၆။"ဘုရား" ဝေါဟာရ ရင်းမြစ်အစ အဘယ်က

၂၇။မဲဆန္ဒမပေးလျှင် အကျင့်ပျက်သည်

၂၈။မြန်မာစာ နှင့် သဒ္ဒါကြွယ်ဝရေး

၂၉။"မြန်မာအစ"၏ နိဒါန်း

၃၀။မွေးပါကိုယ်ပိုင် အခွင့်အရေး

၃၁။ရာဇဝင်ထားသော မြန်မာသက္ကရာဇ်

၃၂။ရုပ်ယဉ်ကျေးမှု နှင့် နာမ်ယဉ်ကျေးမှု

၃၃။လောကနိဗ္ဗာန် အခြေခံ

၃၄။လက်ထုတ်ကြီးနှင့် သိပ္ပံရှင်သမီးပျိုများ

၃၅။လယ်သမား တရားမင်း

၃၆။ဝတ္ထု

၃၇။သ-က-အ-လ ပြဇာတ် စာပေနှင့်ဒေါသ ၃၈။သဘောထားမှန်မှု

၃၉။သက္ကတဘာသာ နှင့် ဆေးပညာ

၄၀။သက္ကတဘာသာ နှင့် သဒ္ဒါအတတ်ပညာ

၄၁။သဒ္ဒါဘုရားကြီး ပါဏိနီ

၄၂။သိဒ္ဓတ္ထမင်းသားဘဝ နှင့် ဗုဒ္ဓအဘိဓမ္မာအစ

၄၃။သိဒ္ဓတ္ထမင်းသား၏အဘိဓမ္မာ

၄၄။သမ္မတနိုင်ငံတော် တည်ထောင်ပုံ

၄၅။ဟိနယာန နှင့် မဟာယာန ယဉ်ကျေးမှုလမ်းနှစ်သွယ်

၄၆။အချုပ်အချာ အာဏာ

၄၇။"အနုပညာဂုဏ်ရည်"၏ နိဒါန်း

၄၈။အဘိဓမ္မာမတတ်လျှင် ဝေါဟာရနှင့် ရန်ဖြစ်တတ်သတဲ့

၄၉။အရိယာ

၅၀။အလင်္ကာစာပေသမိုင်းကြောင်း

၅၁။အသောက

၅၂။အာဝုသော ငါ့ရှင်

၅၃။အဋ္ဌကထာပညာကျော် သင်္ကရာစာရယ

၅၄။အမ္ဗပါလီ ပြည့်တန်ဆာ

၅၅။ဣန္ဒြေ အုပ်စိုးမှု

၅၆။ဧရာဝတီ

၅၇။ဗုဒ္ဓ၏ ဓမ္မအမွေနိဒါန်း

တို့ဖြစ်၍ နိုင်ငံရေး၊ဒီမိုကရေစီ၊ဝတ္ထုရေး၊ကိုယ်တွေ့ အတွေ့အကြုံ၊စာပေ၊ယဉ်ကျေးမှု၊ဘာသာရေး၊လူမျိုး ရေး၊အမျိုးသားရေး၊တွေးခေါ်မှုဒဿန၊ဘာသာစကား နှင့်သဒ္ဒါ စသောဆောင်းပါးပေါင်းများစွာကိုရေးသား ခဲ့သည်။"လက်ဝဲမင်းညို"အမည်ခံ ဦးချမ်းသာ၏ အနုပညာဂုဏ်ရည် စသောစာအုပ်များကိုလည်းတည်း ဖြတ်ပေးခဲ့သည်။အမှာစာရေးခဲ့သောစာအုပ်များမှာ

၁။"လက်ဝဲမင်းညို"အမည်ခံ ဦးချမ်းသာရေး "အနုပညာဂုဏ်ရည်"

၂။လယ်တီဦးလှတင်ရေး "ပုခန်းသာသနာဝင်"

၃။ရှင်ဥက္ကဋ္ဌရေး "ဗုဒ္ဓစာချွန်တော်"

၄။ရှင်ဥက္ကဋ္ဌရေး "ဗုဒ္ဓလမ်းစဉ်"

၅။ဦးဖိုးလတ်ရေး "မြန်မာအစ"

၆။ဒဂုန်ဦးစန်းငွေရေး "ဗုဒ္ဓနိကာယ်ငါးရပ်"

၇။ဒဂုန်ဦးစန်းငွေရေး "ဒို့စကား ဒို့စာ ဒို့သဒ္ဒါ"

တို့​ဖြစ်သည်။

သိကျွမ်းခဲ့သော စာပေမိတ်ဆွေများ

[ပြင်ဆင်ရန်]

ဆရာကြီးသည် ဒဂုန်မဂ္ဂဇင်းတိုက်၏အယ်ဒီတာဖြစ်ခဲ့ သောအလျောက် ဒဂုန်မဂ္ဂဇင်းတိုက်ထွက်စာရေးဆရာ များ၊ဒဂုန်ခင်ခင်လေးရွှေဒုံးဘီအောင်ဒဂုန်ဦးစန်းငွေ တောင်တွင်းကြီးဆရာတော်အရှင်ဥက္ကဋ္ဌသိန်းဖေမြင့်နတ်နွယ်ဦးဖိုးလတ်၊မြန်မာစာပါမောက္ခ ဦးဧမောင်၊ မြန်မာစာပေပညာရှင် ဦးအုန်းရွှေလယ်တီဦးလှတင်၊ "လက်ဝဲမင်းညို"အမည်ခံ ဦးချမ်းသာခင်မျိုးချစ်ပါရဂူ စသောစာရေးဆရာကြီးများ၊စာပေပညာရှင်ကြီးများနှင့်လည်း သိကျွမ်းရင်းနှီးခင်မင်သူဖြစ်သည်။ရွှေဒုံးဘီအောင်မှာ ဆရာကြီး၏တပည့်ဖြစ်သည်။

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

၁၉၈၆-ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မြန်မာစာအဖွဲ့၏ တာဝန်များကို ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သည်။


ကျမ်းကိုး

[ပြင်ဆင်ရန်]

2.မောင်မြတ်ထူးကြွယ်၏ "ဒဂုန်ဦးလှဘေအတ္ထုပ္ပတ္တိစာတမ်း"(လက် ရေးမူ)