မာတိကာသို့ ခုန်သွားရန်

သစ္စာလေးပါး

ဝီကီပီးဒီးယား မှ
(သစ္စာ လေးပါး မှ ပြန်ညွှန်းထားသည်)

(ဒုက္ခ သမုဒယ, နိရောဓ မဂ္ဂဟူသော) ၄-ပါးသော သစ္စာကို သစ္စာ ၄-ပါး ဟု ခေါ်သည်။[][] []

အရိယသစ္စာ

[ပြင်ဆင်ရန်]

သစ္စာလေးပါးကို အရိယသစ္စာဟုလည်း ခေါ်သည်။[] []

  • (က) အရိယာဖြစ်တော်မူသော မြတ်စွာဘုရား၏ အမှန်တရား။ []
  • (ခ) ဘုရား-အစရှိသော အရိယာပုဂ္ဂိုလ်တို့၏ အမှန်တရား။[]
  • (ဂ) မချွတ်မယွင်း သိသင့်သိထိုက်သော အမှန်တရား။ []
  • (ဃ) မချွတ်မယွင်းသော-မှန်ကန်သော-သစ္စာတရား။ []
  • (င) သိသင့် သိထိုက်သော အမှန်တရား။ [၁၀]
  • (စ) ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့ ထိုးထွင်းသိအပ် သော အမှန်တရား။ [၁၁]
  • (ဆ) အရိယာပုဂ္ဂိုလ် အဖြစ်-ကို ပြီးစေတတ်သော–သို့ ရောက်စေတတ်သော-အမှန်တရား။ [၁၂]
  • (ဇ) အရိယာ ပုဂ္ဂိုလ်ဖြစ်အောင်ပြုတတ်သော အမှန်တရား။[၁၃] [၁၄]

ဝဋ္ဋသစ္စာ

[ပြင်ဆင်ရန်]

အကျဉ်းချုပ်အားဖြင့် ဆိုရသော် အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော တဏှာဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာ ဟု စွဲယူရာ ဖြစ်သော အတိတ်-အနာဂတ်-ပစ္စုပ္ပန် အဇ္ဈတ္တ-ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခ အရိယသစ္စာတရားတို့တည်း။

= အာသဝေါတရားတို့၏ အာရုံဖြစ်သော (ဝဋ္ဋနိဿိတ ဖြစ်သော) ကုသိုလ်ကံနှင့် အကုသိုလ်ကံ မှန်သမျှ သည် သမုဒယသစ္စာ မည်၏ဟူ၍ သစ္စဝိဘင်းပါဠိတော်၌ ဟောကြားတော်မူအပ်၏။ [၁၇]

တစ်နည်း ---- အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားဟူသော သမုဒယသစ္စာတရား ----

ဤ သစ္စာနှစ်ပါးတို့ကား ဝဋ္ဋသစ္စာ မည်၏။[၁၈]

ဝိဝဋ္ဋသစ္စာ

[ပြင်ဆင်ရန်]

ဤ သစ္စာနှစ်ပါးတို့ကား ဝိဝဋ္ဋသစ္စာ မည်၏။

ထိုဝဋ္ဋသစ္စာ, ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ယောဂါဝစရ ရဟန်းတော်သည် ဝဋ္ဋသစ္စာ အမည်ရသည့် ဒုက္ခ သစ္စာ, သမုဒယသစ္စာ တရားနှစ်ပါး၌ ဝိပဿနာ နှလုံးသွင်းခြင်းကို ပြုလုပ်ရ၏။ ဝိဝဋ္ဋသစ္စာ တရားနှစ်ပါး၌ ဝိပဿနာ နှလုံးသွင်းဖွယ်ရာ မရှိပေ။ [၁၉][၁၈]

ဝိပဿနာကျင့်စဉ်သည် သင်္ခါရတရားများ (ရုပ်-နာမ်) ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာရေးသုံးတန်ဖြင့် ရှုခြင်းဖြစ်သည်။ ဝိပဿနာအခိုက်တွင် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာကို ဦးစွာရှုပြီး၊ ထိုရှုမှုမှ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာ ထင်ရှားလာသည်။ သစ္စာလေးပါးကို ဝိပဿနာဉာဏ် (ဝိပဿနာသမ္မာဒိဋ္ဌိ) ဖြင့် ရှုမြင်ပုံမှာ အောက်ပါအတိုင်းဖြစ်သည်။[၂၀]

၁. ဒုက္ခသစ္စာ

[ပြင်ဆင်ရန်]

ဒုက္ခသစ္စာဆိုသည်မှာ ဥပါဒါနက္ခန္ဓာငါးပါး (ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်) ဖြစ်ပြီး၊ ၎င်းတို့သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ (အတွင်း)၊ ဗဟိဒ္ဓ (အပြင်) ဟူသော အခြင်းအရာ (၁၁) မျိုးဖြင့် တည်ရှိနေသည်။ ဝိပဿနာအခိုက်တွင် ဤဒုက္ခသစ္စာကို မဂ္ဂင်တရားငါးပါးဖြင့် ထိုးထွင်းသိမြင်သည်။[၂၁]

  • သမ္မာဒိဋ္ဌိ: ဒုက္ခသစ္စာကို ထိုးထွင်းသိမြင်သော ဉာဏ်။
  • သမ္မာသင်္ကပ္ပ: ဒုက္ခသစ္စာအာရုံသို့ စိတ်ကို ရှေးရှုတင်ပေးသော သဘော။
  • သမ္မာဝါယာမ: ဒုက္ခသစ္စာကို သိရန် ကြိုးစားအားထုတ်မှု။
  • သမ္မာသတိ: ဒုက္ခသစ္စာကို အမှတ်ရနေမှု။
  • သမ္မာသမာဓိ: ဒုက္ခသစ္စာအာရုံတစ်ခုတည်းပေါ်တွင် စိတ်တည်ငြိမ်မှု။

ဤမဂ္ဂင်ငါးပါးနှင့် ကြိုတင်ကျင့်သုံးထားသော သီလမဂ္ဂင်သုံးပါး (သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ) ပေါင်းလျှင် မဂ္ဂင်ရှစ်ပါး ဖြစ်လာသည်။ ဝိပဿနာဉာဏ်ဖြင့် ဒုက္ခသစ္စာကို ရှုသောအခါ၊ သင်္ခါရတရားများ၏ ဖြစ်ပြီးပျက်မှု (ဥဒယဗ္ဗယ) ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာရေးသုံးတန်ဖြင့် မြင်သည်။[၂၂]

  • ခဏတော ဥဒယဒဿနဉာဏ်: သင်္ခါရတရားများ၏ ခဏအားဖြင့် ဖြစ်မှု (ဇာတိဒုက္ခ) ကို မြင်သော ဉာဏ်။
  • ခဏတော ဝယဒဿနဉာဏ်: သင်္ခါရတရားများ၏ ခဏအားဖြင့် ပျက်မှု (မရဏဒုက္ခ) ကို မြင်သော ဉာဏ်။
  • ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်: ဖြစ်မှုနှင့် ပျက်မှု နှစ်ခုလုံးကို မြင်သော ဉာဏ်။

ဤဉာဏ်ဖြင့် ဒုက္ခသစ္စာသည် ယောဂီပုဂ္ဂိုလ်၏ အသိဉာဏ်တွင် ထင်ရှားလာသည်။ ဒီမှာဖတ်ပါ

၂. သမုဒယသစ္စာ

[ပြင်ဆင်ရန်]

သမုဒယသစ္စာဆိုသည်မှာ ဒုက္ခဖြစ်ပေါ်မှု၏ အကြောင်းတရားဖြစ်သော တဏှာ၊ အဝိဇ္ဇာ၊ ကံ စသည့် အကြောင်းတရားများဖြစ်သည်။ ဝိပဿနာအခိုက်တွင် ဤသမုဒယသစ္စာကို မဂ္ဂင်ရှစ်ပါးဖြင့် ထိုးထွင်းသိမြင်သည်။

- ပစ္စယတော ဥဒယဒဿနဉာဏ်: အကြောင်းတရား (သမုဒယသစ္စာ) ထင်ရှားဖြစ်မှုကြောင့် အကျိုး (ဒုက္ခသစ္စာ) ထင်ရှားဖြစ်ပုံကို မြင်သော ဉာဏ်။ ဥပမာ- အဝိဇ္ဇာဖြစ်မှုကြောင့် သင်္ခါရ၊ သင်္ခါရဖြစ်မှုကြောင့် ဝိညာဏ် စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်အဆင့်ဆင့်ကို ရှုသည်။

ဤဉာဏ်ဖြင့် အကျိုးတရားဖြစ်သော ဒုက္ခသစ္စာကို ဖြစ်စေသော အကြောင်းတရားများကို ထိုးထွင်းသိမြင်ပြီး၊ သမုဒယသစ္စာ ထင်ရှားလာသည်။[၂၀]

၃. နိရောဓသစ္စာ

[ပြင်ဆင်ရန်]

နိရောဓသစ္စာဆိုသည်မှာ ဒုက္ခချုပ်ငြိမ်းမှု ဖြစ်ပြီး၊ ဝိပဿနာကျင့်စဉ်တွင် သင်္ခါရတရားများ၏ ချုပ်ငြိမ်းမှုကို ရှုခြင်းဖြင့် ထင်ရှားလာသည်။

- ပစ္စယတော ဝယဒဿနဉာဏ်: အကြောင်းတရား (သမုဒယသစ္စာ) မဖြစ်တော့သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကြောင့်၊ အကျိုး (ဒုက္ခသစ္စာ) လည်း မဖြစ်တော့သည့် အနုပ္ပါဒနိရောဓသဘောကို မြင်သော ဉာဏ်။ ဥပမာ- အဝိဇ္ဇာချုပ်လျှင် သင်္ခါရ မဖြစ်၊ သင်္ခါရမဖြစ်လျှင် ဝိညာဏ် မဖြစ် စသည်ဖြင့် ချုပ်ငြိမ်းမှုကို ရှုသည်။

ဤဉာဏ်ဖြင့် အကြောင်းတရားများ ချုပ်ငြိမ်းသွားပြီး အကျိုးတရားများ မဖြစ်တော့သည့် နိရောဓသစ္စာ ထင်ရှားလာသည်။[၂၀]

၄. မဂ္ဂသစ္စာ

[ပြင်ဆင်ရန်]

မဂ္ဂသစ္စာဆိုသည်မှာ ဒုက္ခချုပ်ငြိမ်းရန် ဦးတည်သော မဂ္ဂင်ရှစ်ပါးဖြစ်ပြီး၊ ဝိပဿနာကျင့်စဉ်တွင် သင်္ခါရတရားများ၏ ဖြစ်ပျက်ကို ရှုသော ဉာဏ်ဖြင့် ထင်ရှားလာသည်။

  • ဥဒယဗ္ဗယဒဿနဉာဏ်: ဤဉာဏ်သည် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် (ခဏအားဖြင့် ဖြစ်ပျက်ကို ရှု) နှင့် ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် (အကြောင်းအကျိုးဖြင့် ဖြစ်ပျက်ကို ရှု) ဟူ၍ နှစ်မျိုးရှိသည်။
  • ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်: သင်္ခါရတရားများ၏ ခဏအားဖြင့် ဖြစ်မှုနှင့် ပျက်မှုကို မြင်သည်။
  • ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်: အကြောင်းတရားဖြစ်မှုကြောင့် အကျိုးဖြစ်ပုံ၊ အကြောင်းချုပ်မှုကြောင့် အကျိုးချုပ်ပုံကို မြင်သည်။

ဤနှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်သည် လောကီမဂ္ဂသစ္စာဖြစ်ပြီး ، သင်္ခါရတရားများကို ဖုံးလွှမ်းထားသော သမ္မောဟ (မောဟ) ကို ပယ်ရှားနိုင်သည်။ ထို့ကြောင့် ယောဂီပုဂ္ဂိုလ်၏ အသိဉာဏ်တွင် မဂ္ဂသစ္စာ ထင်ရှားလာသည် [၂၃][၂၀]

လောကုတ္တရာ သစ္စာလေးပါး

[ပြင်ဆင်ရန်]
  • ဆက်လက်ရေးရန်---

ဓမ္မစကြာ နိဒါန်း

[ပြင်ဆင်ရန်]

ဧဝံမေသုတံ - ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -

အခါတပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသည့် သားသမင်တို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံး စံနေတော်မူဆဲဖြစ်၏။ မြတ်စွာဘုရားသည် သဟမ္ပတိအမည်ရှိ မဟာဗြဟ္မာ၏ လျောက်ထားတောင်းပန်ချက်အရ ပဉ္စဝဂ္ဂီရဟန်းတို့ကို ဓမ္မစကြာ ဟောမိန့်တော်မူ၏။

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ - ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများ နေ့စဉ်သုံးစွဲနေသည့် အဓိပ္ပာယ်နှင့် မတူပါ)

ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည် ဒုက္ခဖြစ်သည်' ဟု မကြာခဏ ဟောကြားလေ့ရှိသည်။ အကျဉ်းအားဖြင့် တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာ အာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလဘဝတွင် ကြုံတွေ့ရသမျှ အားလုံးသည် ဒုက္ခဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်တို့သည် ဒုက္ခသစ္စာများ ဖြစ်ကြသည်။

ဒုက္ခကို သုံးမျိုး ခွဲခြားထားသည်။ ထိုသုံးမျိုးမှာ

၁။ ဒုက္ခ ဒုက္ခ

၂။ ဝိပရိဏာမ ဒုက္ခ

၃။ သင်္ခါရ ဒုက္ခ

တို့ ဖြစ်ကြသည်။

.

၁။ ဒုက္ခ ဒုက္ခ

==========

ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မချစ်မနှစ်သက်သောသူတို့နှင့် ပေါင်းသင်းနေထိုင်ရခြင်း၊ ချစ်သူ ခင်သူတို့နှင့် ကွေကွင်းရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပူပန်ခြင်းတို့သည် တစ်ကမ္ဘာလုံးက သိရှိနားလည်ထားကြသည့် ဆင်းရဲပင်ပန်း ခံစားရခြင်းမျိုးဖြစ်၍ သာမန် ဆင်းရဲခြင်းသဘော အနက်ရှိသော ဒုက္ခ ဒုက္ခတွင် အကျုံးဝင်လေသည်။

.

၂။ ဝိပရိဏာမ ဒုက္ခ

===============

ပျော်ရွှင်သော စိတ်နှလုံးချမ်းသာသော ဘဝအခြေအနေတို့သည် အစဉ်ထာဝရ တည်မြဲခိုင်ခံ့ကြသည် မဟုတ်ပေ။ အနှေးနှင့် အမြန် တစ်မျိုးတစ်ဖုံ ပြောင်းလဲသည်သာဖြစ်၏။ ဤကဲ့သို့ ပြောင်းလဲသောအခါ၌ နာကျင်ခြင်း၊ ဆင်းရဲခြင်း၊ စိတ်မချမ်းမြေ့ခြင်းတို့ ဖြစ်ပေါ်ရ၏။ ဤသို့ ဖေါက်ပြန်ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခကို ဝိပရိဏာမ ဒုက္ခတွင် ထည့်သွင်းရ၏။

.

ဤဖေါ်ပြပြီး ဒုက္ခနှစ်မျိုးနှစ်စားမှာ နားလည်ရန် လွယ်ကူ၍ မည်သူမျှ အငြင်းပွားမည် မဟုတ်ပေ။ နားလည်ရန် လွယ်ကူသည့်အလျောက် ပထမအရိယသစ္စာတွင် ဤအချက်အပိုင်းကို လူသိများကြပေသည်။ သို့ရာတွင် တတိယမြောက် ဒုက္ခဖြစ်သော အကြောင်းတရားတို့၏ ပြုပြင်စီရင်ခြင်းခံရသည့် အဖြစ်ဆောင်သော သင်္ခါရဒုက္ခသည် ပထမအရိယသစ္စာတွင် အရေးအကြီးဆုံး အဘိဓမ္မာအချက်အပိုင်း ဖြစ်ပေသည်။ ၎င်းအချက်အပိုင်းကို နားလည်ရန် "သတ္တဝါ" "ငါ" ဟု ယူဆကြသော အရာများကို အရင်းအမြစ် သိသည့်တိုင်အောင် ရှင်းလင်းဖေါ်ပြရန် လိုပေသည်။

ဗုဒ္ဓအဘိဓမ္မာအရ "သတ္တဝါ" "ပုဂ္ဂိုလ်" "ငါ" ဟု ခေါ်ဆိုနေကြသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေကြသည့် ရုပ်နာမ်တို၏ အစုအဝေးသာလျှင်ဖြစ်၍ ၎င်းတို့ကို ခန္ဓာငါးပါး ( ပဥ္စက္ခန္ဓာ ) ဟု ငါးစု ခွဲထားနိုင်ပေသည်။ "အကျဉ်းချုပ်အားဖြင့် ဤငါးပါးသော စွဲလမ်းတပ်မက်မှု အစုအဝေး ( ဥပါဒါနက္ခန္ဓာ ) သည် ဒုက္ခ ဆင်းရဲပေတည်း" ဟု ဗုဒ္ဓက ဟောကြားထား၏။

အပြည့်အစုံကို အောက်ပါလင့်ရှိ pdf ဖိုင် စာမျက်နှာ ၃၂ တွင် ဖတ်ရှုနိုင်ပါသည်။

http://www.dhammaonline.org/wp-content/uploads/ebooks/Others/Walpola-Rahula(What-The-Budha-Taught-Translated-by-U-Ko-Lay).pdf?fbclid=IwAR1Zxhv4CoeYG9NU92vAhZqcLhNjjz21Fip1VoSRS-JTs4iGU6_giNW4dKU


သတ္တဝါများ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေခြင်း၊ မိခင်၏ ဝမ်းတွင်းဝယ် နေရခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထင်ရှားစွာ တခုပြီးတစ်ခု ဖြစ်ပေါ်လာခြင်း တို့သည် ဇာတိ ဖြစ်သည်။


သတ္တဝါများ အသက်အရွယ် အိုမင်းလာခြင်းသည် ဇရာ ဖြစ်သည်။


သတ္တဝါများ သေကျေပျက်စီးခြင်းသည် မရဏ ဖြစ်သည်။


တစ်စုံတစ်ခုသောကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ စိုးရိမ်ပူပန်ခြင်းသည် သောက ဖြစ်သည်။


တစ်စုံတစ်ခုသောကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ ငိုကြွေးခြင်းသည် ပရိဒေဝ ဖြစ်သည်။


သတ္တဝါများသည် ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသည့် ဆင်းရဲခြင်းသည် ဒုက္ခ ဖြစ်သည်။


သတ္တဝါများသည် စိတ်အလို မကျသောအခါ စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ ဖြစ်သည်။


သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာ ပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ - ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ - ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။

                                                                                                                         ဘဝတွင် အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း(တဏှာ)သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ ကာမတဏှာ (ကာမဂုဏ်အာရုံများတွင် တပ်မက်ခြင်း)၊ ဘဝတဏှာ (ဘဝကို တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း)  

ကာမဂုဏ်အာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုးမျိုးသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်၏။

ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တသောကြောင့် ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဘဝဆင်းရဲ ထပ်မံဖြစ်‌ပေါ်နေရခြင်း ဖြစ်သည်။

သေဆုံးလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ - ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

                                                                                                                                                                              ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မက်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ - အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။

  • မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ)
  • မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ)
  • မှန်ကန်သော စကား(သမ္မာဝါစာ)
  • မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ)
  • မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ)
  • မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ)
  • မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ)
  • မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။


ဒုက္ခကို သိမြင်ခြင်း၊ ဒုက္ခကိုဖြစ်စေသည့်အကြောင်းကို သိမြင်ခြင်း၊ ဒုက္ခချုပ်ငြိမ်းရာကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းစေသည့် အကျင့်တို့ကို သိမြင်ခြင်း စသည်တို့သည် မှန်ကန်စွာသိမြင်ခြင်း (သို့မဟုတ်) မှန်ကန်သော အမြင် (သမ္မာဒိဋ္ဌိ) မည်၏။


ကာမအာရုံမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း စသည်တို့သည် မှန်ကန်‌သော ကြံစည်ခြင်း(သမ္မာသင်္ကပ္ပ) မည်၏။


အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမ္မာဝါစာ

မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းစကားမှရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှရှောင်ကြဉ်ခြင်း၊ သိမ်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း စသည်တို့သည် မှန်ကန်သော စကား (သမ္မာဝါစာ) မည်၏။


သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့ကို မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့သည် မှန်ကန်စွာပြုလုပ်ခြင်း (သို့မဟုတ်) မှန်ကန်သော အလုပ် (သမ္မာကမ္မန္တ) မည်၏။


ဒုစရိုက်အမျိုးမျိုးကိုရှောင်ကြဉ်ပြီး စစ်မှန်သန့်ရှင်းသောကိုယ်ကာယစွမ်းအား ညာဏစွမ်းအားဖြင့်အသက်မွေးဝမ်းကြောင်းပြုခြင်းသည် မှန်ကန်သော အသက်မွေးဝမ်းကြောင်းပြုခြင်း (သမ္မာအာဇီဝ) မည်၏။


မိမိ၌မဖြစ်သေးသော မကောင်းမှုအကုသိုလ်တို့ကို မဖြစ်အောင် အားထုတ်ခြင်း၊ အကုသိုလ်တို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မိမိ၌မရရှိသေးသော ကောင်းမှုမည်သောကုသိုလ်တို့ကို ရရှိအောင် အားထုတ်ခြင်း၊ ရရှိပြီးသော ကုသိုလ်တို့ကို တည်မြဲကာ တိုးပွားအောင် အားထုတ်ခြင်း တို့သည် မှန်ကန်သော အားထုတ်မှု (သမ္မာဝါယာမ) မည်၏။


ကိုယ်အတွင်း ဖြစ်ပေါ်နေသော ဖြစ်ပျက်နေမှုများ၊ ထိတွေ့ခံစားရမှုများ၊ စိတ်အတွင်း ဖြစ်ပေါ်နေသည်များကို တရားရှုမှတ်ကာ အဖြစ်အပျက်တို့အား သတိဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းသည် မှန်ကန်သော အောက်မေ့မှု (သမ္မာသတိ) မည်၏။


မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှတ်သားမှု၊ မှန်ကန်သော တည်ငြိမ်မှု စသည့် သုံးပါးသော စိတ်ကိုဆုံးမသည့် သိက္ခာရပ်များသည် မှန်ကန်သော တည်ကြည်မှု (သမ္မာသမာဓိ) ဖြစ်သည်။

သမ္မာသမာဓိသုတ်


  1. စတုသစ္စ = စတုဿစ္စ (န) [စတု+သစ္စ]
  2. စတုသစ္စံ ပကာသေန္တော။ အပ၊၁၊၁၂၁-၄၊ ၄၁၈။ ဒုက္ခသမုဒယနိရောဓမဂ္ဂဝသေန စတ္တာရိ သစ္စာနိ သမာဟဋာနီတိ စတုသစ္စံ။ အပ၊ဋ္ဌ၊၂၊၈၅။ စတုဿစ္စံ အပါပုဏိ။ ဝိ၊၄၊၄၉၀။
  3. တိပိဋကအဘိဓာန် အတွဲ-၇
  4. အရိယသစ္စ (န) [(၁) အရိယ+ သစ္စ။ (၂) အရိယပဋိဝိဇ္ဇိတဗ္ဗ+ သစ္စ။ (၃) အရိယသာဓက+ သစ္စ။ (၄) အရိယဘာဝကရ+သစ္စ။] အရိယသစ္စာ(ဒုက္ခသစ္စာ, သမုဒယသစ္စာ နိရောဓသစ္စာ, မဂ္ဂသစ္စာ-ဟူသော သစ္စာလေးပါး)၊
  5. စတ္တာရိမာနိ ဘိက္ခဝေ အရိယသစ္စာနိ။ သံ၊၃၊၃၈၁။ (ဝိ၊၃၊၁၄၊ ၁၆။ ဒီ၊၂၊၇၇၊ ၂၄၃-၆။ ဒီ၊၃၊၂၃၁။ မ၊၁၊၈၂၊ ၂၄၂။ မ၊၂၊၂၀၃။ မ၊၃၊၂၉၁။ သံ၊၃၊၃၆၄၊ ၃၆၉-၃၇၁၊ ၃၈၅။ အံ၊၁၊၁၇၇။ အဘိ၊ဝိ၊၁၀၄။ အဘိ၊က၊၃၉၈၊ ၄၃၄။ ပဋိသံ၊၆၊ ၃၃၀၊ ၃၇၄။ ခုဒ္ဒက၊၃၊၄၊၆။ ဓမ္မ၊၄၂။ သုတ္တနိ၊၃၁၉။ ဝိမာန၊ ၁၇။ ထေရ၊၂၆၁၊ ၂၉၄။ ထေရီ၊၃၉၈၊ ၄၂၉။ အပ၊၁၊၂၃၄။ မိလိန္ဒ၊၃၈။ ဒီ၊ဋ္ဌ၊၁၊၂၀၈။ ဒီ၊ဋ္ဌ၊၃၊၂၃၉။ မ၊ဋ္ဌ၊၁၊၂၁၀။ မ၊ဋ္ဌ၊၂၊၂၄၀။ မ၊ဋ္ဌ၊၄၊၅၆။ သံ၊ဋ္ဌ၊၁၊၁၁၀။ သံ၊ဋ္ဌ၊၂၊၄၈။ သံ၊ဋ္ဌ၊၃၊၁၇၆။ အံ၊ဋ္ဌ၊၁၊၈၄။ အံ၊ဋ္ဌ၊၂၊၁၉။ အဘိ၊ဋ္ဌ၊၁၊၂၆၂။ အဘိ၊ဋ္ဌ၊၃၊၂၅၇။ ပဋိသံ၊ဋ္ဌ၊၂၊၁၉၃။ ဝိသုဒ္ဓိ၊၁၊၂၀၅။ ဝိသုဒ္ဓိ၊၂၊၁၂၄။ ခုဒ္ဒက၊ဋ္ဌ၊၁၂၈၊ ၁၅၅-၆။ ဓမ္မ၊ဋ္ဌ၊၂၊၁၅၉၊ ၁၆၀၊ ၄၂၇။ သုတ္တနိ၊ဋ္ဌ၊၁၊၅၇၊ ၂၈၄။ သုတ္တနိ၊ဋ္ဌ၊၂၊၃၃။ ဝိမာန၊ဋ္ဌ၊၁၉၈။ ထေရ၊ဋ္ဌ၊၁၊၁၀၄။ ထေရ၊ဋ္ဌ၊၂၊၅၇။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉။ မဟာနိ၊ဋ္ဌ၊၅၆။ စူဠနိ၊ဋ္ဌ၊၆၆၊ ၈၉။ နေတ္တိ၊ဋ္ဌ၊၅၁၊ ၂၅၃။ ဝဇိရ၊၃၈။ ဝိမတိ၊၂၊၉၁။ သီ၊ဋီ၊သစ်၊၁၊၂၉၃။ သံ၊ဋီ၊၁၊၂၄၅။ သံ၊ဋီ၊၂၊၂၅၀။ အနုဋီ၊၁၊၂၅။ အနုဋီ၊၂၊၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၄၄၉။ နေတ္တိ၊ဋီ၊၆၅။)
  6. (က) အရိယသစ္စာနီတိ ယသ္မာ အရိယေန တထာဂတေန ပဋိဝိဒ္ဓတ္တာ ဒေသိတတ္တာ စ တာနိ အရိယသန္တကာနိ ဟောန္တိ၊ တသ္မာ အရိယဿ သစ္စတ္တာ အရိယသစ္စာနီတိ အတ္ထော။ သံ၊ဋ္ဌ၊၃၊၃၃၀။ တေန သယမ္ဘူဉာဏေန ဒိဋ္ဌတ္တာ တဿ သစ္စာနိ အရိယသစ္စာနိ။ ဣတိဝုတ်၊ဋ္ဌ၊၈၁။ (အဘိ၊ဋ္ဌ၊၂၊၇၉။ ဝိသုဒ္ဓိ၊၂၊၁၂၆။ ပဋိသံ၊ဋ္ဌ၊၁၊၅၈။ ထေရ၊ဋ္ဌ၊၂၊၁၄၂။ သာရတ္ထ၊၃၊၁၇၁။ မူလဋီ၊၂၊၅၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၂။ ဝိဘာဝိနီ၊ဋီ၊၂၃၁။)
  7. (ခ) အရိယသစ္စာနီတိ ယသ္မာ တထာနိ အဝိတထာနိ အနညထာနိ၊ တသ္မာ အရိယာနံ သစ္စာနီတိ ဝုစ္စန္တိ။ သံ၊ဋ္ဌ၊၃၊၃၃၀။ အရိယာနံ ဝါ သစ္စာနိ တေဟိပဋိဝိဇ္ဈိတဗ္ဗတ္တာ။ ဝိဘာဝိနီ၊ဋီ၊၂၃၁။
  8. (ဂ) (ဃ) အရိယာနိ သစ္စာနီတိပိ အရိယသစ္စာနိ။ အရိယာနီတိ တထာနိ အဝိတထာနိ၊ အဝိသံဝါဒကာနီတိ အတ္ထော။ အဘိ၊ဋ္ဌ၊၂၊၇၉။ ပဋိသံ၊ဋ္ဌ၊၁၊၅၈။ ဝိသုဒ္ဓိ၊၂၊၁၂၆။ (ဂ) အရိယာနိ သစ္စာနီတိပီတိ ဧတ္ထ အဝိတထဘာဝေန အရဏီယတ္တာ အဓိဂန္တဗ္ဗတ္တာ အရိယာနိ။ မူလဋီ၊၂၊၅၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၂။ အဝိတထဘာဝေန ဝါ အရဏီယတ္တာ အဓိဂန္တဗ္ဗတ္တာ အရိယံ သစ္စန္တိပိ အရိယသစ္စံ။ သာရတ္ထ၊၃၊၁၇၁။
  9. (ဃ) အရိယဝေါဟာရော ဝါ အယံ အဝိသံဝါဒကော အဝိတထရူပေါ ဒဋ္ဌဗ္ဗော။ မူလဋီ၊၂၊၅၂။ အရိယသမညာ ဝါ အဝိသံဝါဒကေ အဝိတထေ နိရုဠှာ ဒဋ္ဌဗ္ဗာ။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၂။
  10. (င) အရိယသစ္စာနီတိ အရဏီယတော အရိယာနိ, အဝိတထဘာဝေန သစ္စာနီတိ အရိယသစ္စာနိ။ ဣတိဝုတ်၊ဋ္ဌ၊၈၁။ (ခုဒ္ဒက၊ဋ္ဌ၊၆၇။ ထေရ၊ဋ္ဌ၊၂၊၁၄၂။)
  11. (စ) ယသ္မာ ပနေတာနိ ဗုဒ္ဓါဒယော အရိယာ ပဋိဝိဇ္ဈန္တိ၊ တသ္မာ အရိယသစ္စာနီတိ ဝုစ္စန္တိ။ အဘိ၊ဋ္ဌ၊၂၊၇၉။ ပဋိသံ၊ဋ္ဌ၊၁၊၅၈။ ဝိသုဒ္ဓိ၊၂၊၁၂၆။ အရိယပဋိဝိဇ္ဈိတဗ္ဗာနိ သစ္စာနိ အရိယသစ္စာနီတိ စေ ပုရိမပဒေ ဥတ္တရပဒလောပေါ ဒဋ္ဌဗ္ဗော။ မူလဋီ၊၂၊၅၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၂။ (အံ၊ဋ္ဌ၊၂၊၁၆၁။ ဣတိဝုတ်၊ဋ္ဌ၊၈၁။ သာရတ္ထ၊၃၊၁၇၁။ မဏိမဉ္ဇူ၊၂၊၃၁၈။)
  12. (ဆ) ဧတေသံ အဘိ သမ္ဗုဒ္ဓတ္တာ အရိယဘာဝသိဒ္ဓိတောပိ အရိယသစ္စာနိ။ အဘိ၊ဋ္ဌ၊၂၊၇၉။ ပဋိသံ၊ဋ္ဌ၊၁၊၅၈။ ဝိသုဒ္ဓိ၊၂၊၁၂၆။ အရိယဘာဝသိဒ္ဓိတောပီတိ ဧတ္ထ အရိယသာဓကာနိ သစ္စာနီ အရိယသစ္စာနီတိ ပုဗ္ဗေ ဝိယ ဥတ္တရပဒလောပေါ ဒဋ္ဌဗ္ဗော။ မူလဋီ၊၂၊၅၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၂။ (သာရတ္ထ၊၃၊၁၇၁။)
  13. (ဇ) အရိယသစ္စာနန္တိ အရိယဘာဝကရာနံ သစ္စာနံ။ ဒီ၊ဋ္ဌ၊၂၊၁၃၂။ အရိယကရတ္တာ အရိယာနိ တစ္ဆေဘာဝတော သစ္စာနီတိ အရိယသစ္စာနိ။ ဝိဘာဝိနီ။ ၂၃၁။ (အံ၊ဋ္ဌ၊၂၊၁၆၁။ ဣတိဝုတ်၊ဋ္ဌ၊၈၁။ သာရတ္ထ၊၃၊၃၂၀။ အနုဋီ၊၃၊၃၇။)
  14. တိပိဋကအဘိဓာန် အတွဲ-၃
  15. သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (အဘိ၊၂၊၁၀၄။ မ၊၁၊၈၂။)
  16. တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
  17. (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
  18. ၁၈.၀ ၁၈.၁ နိဗ္ဗာနဂါမိနိပဋိပဒါ -ဒုတိယတွဲ - ဖားအောက်တောရဆရာတော်
  19. တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။ ဒီ၊ဋ္ဌ၊၂၊၃၉၁။)
  20. ၂၀.၀ ၂၀.၁ ၂၀.၂ ၂၀.၃ သေရာညောင်စောင်းလျောင်းစက်သောအခါ - ဖားအောက်တောရဆရာတော်
  21. သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (မ၊၁၊၈၂။)
  22. ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ် (မ၊ဋ္ဌ၊၁၊၂၃၅။)လို့လည်း အဋ္ဌကထာ ဆရာတော်များက ခေါ်ဝေါ်သုံးစွဲထားပါတယ်။
  23. (ဝိသုဒ္ဓိမဂ္ဂ၊ ၂၊ ၂၆၇-၂၆၈)