မာတိကာသို့ ခုန်သွားရန်

တိတ္ထိ

ဝီကီပီးဒီးယား မှ

တိတ္ထိအဓိပ္ပာယ်ကို ပါဠိအဘိဓာန်ချုပ်၌-

  1. အယူဝါဒ၊ ဘာသာ
  2. အကြောင်း
  3. ရေဆိပ်
  4. တင်သောရေ ဟု ပြဆိုပြီး တိတ္ထိကရကို အယူဝါဒအသီးသီး ထူထောင်သော ဆရာ၊ ဂိုဏ်းဆရာဟု အနက်ဖွင့်သည့် အပြင် တိတ္ထီလည်း ရှိ၏ဟု ထပ်မံဖော်ပြထားသည်။

ဆရာတော် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အလိုအရ တိတ္ထိယ = အယူဝါဒကို စထွင်၍ ပြုတတ်သော ပုဂ္ဂိုလ် (ထိုမှ ယကို ဖြုတ်၍) "တိတ္ထိ" ဟု ခေါ်ကြကြောင်း သိရသည်။ ထို့ကြောင့် တိတ္ထိသည် အယူဝါဒ သီးခြားထူထောင်သော ဆရာ (သို့) အယူဝါဒသစ်ကို စတင် တီထွင်သူ ဟု အဓိပ္ပာယ်ထွက်သည်။ သို့သော် ကျမ်းဂန်တို့၌ တိတ္ထိ နှင့် ပတ်သက်၍ မြန်မာလိုပြဆိုရာတွင် သာသနာတော်မှ တပါးသော အယူဝါဒ ရှိသောသူများ အဖြစ် ပါလေ့ရှိသဖြင့် အဓိပ္ပာယ်မှာ ပို၍ လေးနက်လာသည်။ ဗုဒ္ဓဘာသာဝင်တို့ကလည်း တိတ္ထိ ဟုဆိုလျှင် ဗုဒ္ဓဝါဒနှင့် အယူအဆခြင်းမတူ တမူခြားပြီး ရှိနေသူဟူ၍ နားလည်ထားကြပေသည်။ []

တိတ္ထိများအကြောင်းကို ပိဋကတ်လမ်းညွှန်းကျမ်းအပေါ် အခြေခံ၍ အောက်ပါအတိုင်း ဖော်ပြပေးပါမည်။

တိတ္ထိများဆိုသည်မှာ ဗုဒ္ဓဘာသာဝင်မဟုတ်သော အခြားသော အယူဝါဒကို ကိုးကွယ်သူများကို ရည်ညွှန်းပါသည်။ ဗုဒ္ဓခေတ်ကာလတွင် တိတ္ထိဆရာကြီး (၆) ဦးသည် အလွန်ထင်ရှားခဲ့ကြသည်။ ၎င်းတို့မှာ-

တိတ္ထိတို့၏ အယူဝါဒများ

[ပြင်ဆင်ရန်]
  • တိတ္ထိတို့သည် မိမိတို့၏ အယူဝါဒများကို အခြားသူများအား ပြောပြလေ့ရှိကြပြီး၊ အနာထပိဏ်သူဌေးကြီးက ၎င်းတို့၏ အယူဝါဒများမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများနှင့် မကိုက်ညီကြောင်း ပြန်လည်ပြောကြားခဲ့သည်။ []
  • တိတ္ထိတို့သည် ခွေးနှင့်နွားတို့၏ အကျင့်ကို ကျင့်ကြပြီး သေလွန်သောအခါ ခွေးနှင့်နွားအဖြစ် ပြန်လည်ဖြစ်ကြသည်ဟုလည်း အယူရှိကြသည်။ []
  • စိတ်ချုပ်ခြင်းနှင့် ပတ်သက်၍လည်း ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများရှိကြသည်။ []
  • တိတ္ထိတို့သည် ဆွမ်းခံရာတွင် (၇) အိမ်သာခံခြင်း၊ ဆွမ်းစားရာတွင် (၇) လုတ်သာစားခြင်း စသည့် အတ္တကိလမထအကျင့်များကို ကျင့်ကြသည်။ []
  • တိတ္ထိတို့၏ အကျင့်များကို ကဲ့ရဲ့ခြင်းများလည်း ရှိသည်။ []
  • တိတ္ထိတို့၏ အယူဝါဒများကို အရှင်အာနန္ဒာထေရ်က သန္ဒကသုတ်တွင် အကျယ်ဟောကြားခဲ့သည်။ []

တိတ္ထိတို့၏ အခြားအကြောင်းအရာများ

[ပြင်ဆင်ရန်]
  • တိတ္ထိတို့သည် တန်ခိုးရှိဟန်ဆောင်ခြင်းများလည်း ရှိသည်။ []
  • တိတ္ထိတို့သည် သူတပါးတို့၏ အလှူခံပစ္စည်းများကို တဘက်စီးနင်းယူခြင်းများလည်း ရှိသည်။ [၁၀]
  • တိတ္ထိတို့၏ သာသနာ၌ အနှစ်သာရမရှိကြောင်းများကိုလည်း ဂါထာများဖြင့် ပြထားသည်။ [၁၁]
  • တိတ္ထိတို့၏ ဝတ်ပုံ၊ စားပုံ၊ ကျင့်ပုံများကိုလည်း ကျမ်းဂန်များတွင် ဖော်ပြထားသည်။ [၁၂]

တိတ္ထိတို့နှင့် ပတ်သက်သည့် အခြားမှတ်သားဖွယ်များ

[ပြင်ဆင်ရန်]
  • တိတ္ထိတို့သည် ဆရာနှင့် တရားကို ပြောင်းလဲတတ်ကြသည်။ [၁၃]
  • တိတ္ထိတို့၏ အကျင့်နှင့် ညစ်နွမ်းကြောင်းများကို နိဂြောဓပရိဗ္ဗာဇကဝတ္ထုတွင် ဟောကြားထားသည်။ [၁၄]
  • တိတ္ထ၊ တိတ္ထကရ၊ တိတ္ထိယ၊ တိတ္ထိယသာဝက လေးမျိုးခွဲပြပုံလည်း ရှိသည်။ [၁၅]
  • တိတ္ထိတို့အလို ပဝိက သုံးပါးကို ပဝိဝေကသုတ်တွင် ပြထားသည်။ [၁၆]
  • တိတ္ထိယာနာမ အန္ဓသဒိသာ ဇာနိတွာဝါ အဇာနိတွာဝါ ကထေယျုန္တိ နာဘိနန္ဒိံသုဟု ဖွင့်ပြထားပုံလည်း ရှိသည်။ [၁၇]
  • တိတ္ထိတို့ကို ရံခါရံခါ တရားသဖြင့် နှိပ်ကွပ်သင့်ကြောင်း ကိံဒိဋ္ဌိကသုတ်တွင် ဟောထားသည်။ [၁၈]
  • တိတ္ထိတို့သာသန၌ အလှူခံပုဂ္ဂိုလ်တို့မှာ အတိုင်းအရှည် မသိကြကြောင်း ဟောထားသည်။ [၁၉]
  • တိတ္ထိတို့မှာ ဒိဋ္ဌ, သုတ, မုတ, သီလဗ္ဗတစသည်ဖြင့် သံသရာမှ စင်ကြယ်၏ ယူမှားထားကြသည်။ [၂၀]
  • တိတ္ထိတို့ သာသနာ၌ အသက် မွေးမြူပုံ ၂-မျိုး (ယောနိသော မနသိကာရ မရှိသူ၊ ရှိသူ) ကို ဟောထားသည်။ [၂၁]
  • တိတ္ထိတို့မှာ ဝမ်းရေးကြောင့် အသောကမင်းကြီး လက်ထက်တွင် ဗုဒ္ဓသာသနာတော်တွင်းသို့ အတင်းဝင်လာကြပုံကိုလည်း ဖော်ပြထားသည်။ [၂၂]
  • တိတ္ထိတို့မှာ ကမ္ဘာ (၄၀) ထက်ပို၍ မမြင်နိုင်ကြကြောင်း ဟောထားသည်။ [၂၃]
  • တိတ္ထိတို့မှာ အကြောင်းကို မနှိမ်နင်းဘဲ အကျိုးကိုသာ နှိမ်နင်း နေကြသောကြောင့် ခွေးတိရစ္ဆာန်တို့ ခဲကို လိုက်ကိုက်သည်နှင့် တူ၏ ဥပမာ ပေးထားပုံလည်း ရှိသည်။ [၂၄]
  • တိတ္ထိတို့ဝါဒဖြန့်ကြပုံကိုလည်း ဖော်ပြထားသည်။ [၂၅]
  • တိတ္ထိတို့သာသနာ၌ ဆရာနှင့် တပည့်တို့ သေကြလျှင် တိရစ္ဆာန်ဖြစ်ကြ၍ အပြန်အလှန် ညှဉ်းဆဲကြပုံကိုလည်း ဟောထားသည်။ [၂၆]
  • တိတ္ထိတို့သာသနာ၌ နေသူတို့မှာ ပျင်းလျှင် သုခ၊ ဝီရိယရှိလျှင် ဒုက္ခဟု ဟောထားတော်မူပုံကိုလည်း ဖော်ပြထားသည်။ [၂၇]
  • တိတ္ထိတို့အလို အဋ္ဌပုရိသဘူမိကို အရကောက်ပြပုံကိုလည်း ဟောထားသည်။ [၂၈]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဦးစံမြင့်အောင်(ဘီအေ)၏ ဗုဒ္ဓခေတ် တိတ္ထိကြီးများ
  2. ပဏ်-၁-ပါ-၂၅၈၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၁၃၆။ သဂါထာ-သံ-ဋ္ဌ-၁၂၀။ သုတ္တ-ပါ-၃၅၆၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၄၈။ ဒီဃ-၁-ဋ္ဌ-၁၃၀၊ ဒီဃ-၁-ပါ-၄၄။ မိလိန္ဒ-ပါ-၄။ သုတ္တ-ပါ-၃၃၆၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၀၂။
  3. ကိံဒိဋ္ဌိကသုတ္တ-အံ-၁၀-ပါ-၄၀၆၊ အံ-၁၀-ဋ္ဌ-၃၃၀။
  4. ကုက္ကုရဝတီသုတ္တ-ပဏ်-၂-ပါ-၅၀၊ ပဏ်-၂-ဋ္ဌ-၇၀။
  5. ဒီဃ-၁-ပါ-၁၆၈၊ ဒီဃ-၁-ဋ္ဌ-၃၀၃။
  6. အံ-၃-ပါ-၃၀၀၊ အံ-၃-ဋ္ဌ-၁၄၆။ ဒီဃ-၁-ပါ-၁၅၇၊ ဒီဃ-၁-ဋ္ဌ-၂၉၃။ မဟာနိ-ပါ-၃၂၇၊ မဟာနိ-ဋ္ဌ-၃၈၀။ ပဏ်-၁-ပါ-၁၁၁၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၅၀။
  7. ဒီဃ-၃-ပါ-၃၂၊ ဒီဃ-၃-ဋ္ဌ-၁၉။ ဒီဃ-၁-ပါ-၁၅၇၊ ဒီဃ-၁-ဋ္ဌ-၂၉၁။ ဒီဃ-၁-ပါ-၁၅၈၊ ဒီဃ-၁-ဋ္ဌ-၂၉၄။
  8. ပဏ်-၂-ပါ-၁၈၀၊ ပဏ်-၂-ဋ္ဌ-၁၅၄။
  9. ဝိ-၄-ပါ-၂၄၆၊ ဝိ-၄-ဋ္ဌ-၄၆။ အပ-ဋ္ဌ-ပ-အုပ်-၁၃၀။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၃၃။ အပ-ဋ္ဌ-ပ-အုပ်-၁၃၁။ ဇာတက-ဋ္ဌ-စ-အုပ်-၂၆၃၊ ၂၆၄။ ဒီဃ-၃-ပါ-၉၊ ဒီဃ-၃-ဋ္ဌ-၈။
  10. ဇာတက-ပါ-ဒု-အုပ်-၂၆၀၊ ဇာတက-ဋ္ဌ-သ-အုပ်-၁၁၂၊ ၁၁၃။ ဒီဃ-၁-ဋ္ဌ-၁၅၀၊ ဒီဃ-၁-ပါ-၅၂။ ခန္ဓ-သံ-ဋ္ဌ-၃၁၁။
  11. ဓမ္မ-ဋ္ဌ-ဒု-အုပ်-၄၉။ အပ-ပါ-ပ-အုပ်-၂၆၊ အပ-ဋ္ဌ-ပ-အုပ်-၂၅၅။ ထေရ-ဋ္ဌ-ဒု-အုပ်-၃၈၆။ ဒီဃ-၂-ပါ-၁၂၅၊ ဒီဃ-၂-ဋ္ဌ-၁၈၁။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၄၀။ နေတ္တိ-ပါ-၉၁၊ နေတ္တိ-ဋ္ဌ-၁၉၃။ ဒီဃ-၁-ပါ-၁၇၇၊ ဒီဃ-၁-ဋ္ဌ-၃၁၃။ ထေရ-ပါ-၂၃၈၊ ထေရ-ဋ္ဌ-ပ-အုပ်-၂၃၂။ ပဏ်-၁-ပါ-၉၂၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၁၂၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၁၉။ အံ-၄-ပါ-၅၆၀၊ အံ-၄-ဋ္ဌ-၃၉၂။ ပဏ်-၁-ပါ-၉၅၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၁၈၊ ၉။ မဟာ-သံ-ပါ-၁၀၁၊ မဟာ-သံ-ဋ္ဌ-၂၀၇။
  12. ပဏ်-၁-ပါ-၁၁၁၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၄၊ ၃၄၉။ သုတ္တ-ပါ-၄၀၁၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၃၇။ မဟာနိ-ပါ-၄၇၊ ၅၅၊ မဟာနိ-ဋ္ဌ-၁၆၄၊ ၁၇၄။ ဥဒါန-ပါ-၈၃၊ ဥဒါန-ဋ္ဌ-၆၇။ သဂါထာ-သံ-ပါ-၆၆၊ သဂါထာ-သံ-ဋ္ဌ-၁၁၆။ အံ-၄-ပါ-၅၂၆၊ အံ-၄-ဋ္ဌ-၃၇၃။ ထေရီ-ပါ-၃၈၉၊ ထေရီ-ဋ္ဌ-၉၀။ မဟာနိ-ပါ-၆၈၊ မဟာနိ-ဋ္ဌ-၁၈၈။ မဟာနိ-ပါ-၃၂၇၊ မဟာနိ-ဋ္ဌ-၃၇၉။ ဒီဃ-၁-ပါ-၁၅၇၊ ဒီဃ-၁-ဋ္ဌ-၂၉၁။ ဒီဃ-၃-ပါ-၄၊ ဒီဃ-၃-ဋ္ဌ-၄။ ဒီဃ-၃-ပါ-၇၊ ဒီဃ-၃-ဋ္ဌ-၇။ ဒီဃ-၃-ပါ-၃၀၊ ဒီဃ-၃-ဋ္ဌ-၁၆။ အဘိ-၂-ပါ-၃၈၂၊ အဘိ-၂-ဋ္ဌ-၄၇၈။ အဘိ-၄-ပါ-၁၆၃၊ အဘိ-၄-ဋ္ဌ-၈၁။ ။ ဒီဃ-၃-ပါ-၁၉၄၊ ဒီဃ-၃-ဋ္ဌ-၂၀၈။ ။ ပဏ်-၂-ပါ-၁၊ ပဏ်-၂-ဋ္ဌ-၁။ ။ ပဏ်-၂-ပါ-၃၊ ပဏ်-၂-ဋ္ဌ-၆။ ။ ပဏ်-၂-ပါ-၇၄၊ ပဏ်-၂-ဋ္ဌ-၈၇။ ။ ဃောဋမုခသုတ်၊ ပဏ်-၂-ပါ-၃၆၄၊ ပဏ်-၂-ဋ္ဌ-၂၈၂။ ။ အတ္တန္တပသုတ်၊ အံ-၄-ပါ-၅၂၇၊ အံ-၄-ဋ္ဌ-၃၇၃။
  13. မဟာနိ-ပါ-၇၀၊ မဟာနိ-ဋ္ဌ-၁၉၀။
  14. ဒီဃ-၃-ပါ-၃၀၊ ဒီဃ-၃-ဋ္ဌ-၁၆။ ဒီဃ-၃-ပါ-၃၄၊ ဒီဃ-၃-ဋ္ဌ-၂၀။ ဒီဃ-၃-ပါ-၃၇၊ ဒီဃ-၃-ဋ္ဌ-၂၃။ ဒီဃ-၃-ပါ-၃၃၊ ဒီဃ-၃-ဋ္ဌ-၁၉။ ဒီဃ-၃-ပါ-၉၇၊ ဒီဃ-၃-ဋ္ဌ-၈၉။ ပဏ်-၁-ပါ-၁၁၂၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၅၁။
  15. ပဏ်-၁-ပါ-၉၂၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၁၃။
  16. အံ-၃-ပါ-၂၄၂၊ အံ-၃-ဋ္ဌ-၂၂၁။
  17. အံ-၁၀-ဋ္ဌ-၃၀၁။
  18. အံ-၁၀-ပါ-၄၀၆၊ ၄၀၉၊ အံ-၁၀-ဋ္ဌ-၃၃၀။
  19. အံ-၃-ပါ-၃၆၊ အံ-၃-ဋ္ဌ-၃၇၃။
  20. စူဠနိ-ပါ-၁၁၇၊ စူဠနိ-ဋ္ဌ-၃၀။ စူဠနိ-ပါ-၁၂၂။ သုတ္တ-ပါ-၄၄၁၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၃၁၀။
  21. ဒီဃ-၁-ဋ္ဌ-၂၈၇၊ ဒီဃ-၁-ပါ-၁၅၃။
  22. အဘိ-၅-ဋ္ဌ-၁၀၉။
  23. ဒီဃ-၁-ပါ-၁၃၊ ဒီဃ-၁-ဋ္ဌ-၉၈။ မဟာ-သံ-ဋ္ဌ-၂။ ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၃၀။ ပဋိသံ-ဋ္ဌ-ပ-အုပ်-၃၂၃။ ဝိသုဒ္ဓိ-ဒု-အုပ်-၄၁။
  24. ဝိသုဒ္ဓိ-ဒု-အုပ်-၁၃၈။ ပဋိသံ-ဋ္ဌ-ပ-အုပ်-၁၄၇။ အဘိ-၂-ဋ္ဌ-၁၀၅။
  25. ပဏ်-၂-ဋ္ဌ-၁၅၇၊ ပဏ်-၂-ပါ-၁၈၁။ ဒီဃ-၁-ဋ္ဌ-၃၀၂။ မဟာ-သံ-ပါ-၉၅၊ မဟာ-သံ-ဋ္ဌ-၂၀၅။
  26. ပဏ်-၁-ပါ-၉၆၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၁၉၊ ၃၂၀။ ဒီဃ-၃-ပါ-၄၊ ဒီဃ-၃-ဋ္ဌ-၅။
  27. ဒီဃ-၃-ဋ္ဌ-၉၃၊ ဒီဃ-၃-ပါ-၉၈။ အံ-၁-ပါ-၃၆၊ အံ-၁-ဋ္ဌ-၃၇၆။
  28. ပဏ်-၂-ပါ-၁၈၆၊ ပဏ်-၂-ဋ္ဌ-၁၆၀။ ခန္ဓ-သံ-ပါ-၁၇၃၊ ခန္ဓ-သံ-ဋ္ဌ-၃၁၅။ အံ-၆-ပါ-၃၃၆၊ ၃၃၇၊ အံ-၆-ဋ္ဌ-၁၂၆။ ဒီဃ-၁-ပါ-၅၀၊ ဒီဃ-၁-ဋ္ဌ-၁၄၇။