မာတိကာသို့ ခုန်သွားရန်

အာပေါဓာတ်

ဝီကီပီးဒီးယား မှ

ရုပ်ကလာပ်တို့ကို ဖရိုဖရဲမရှိစေရအောင် ပေါင်းစပ်ဖွဲ့စည်းခြင်းသဘော၊ ရိပျော် စီးယို စွတ်စိုခြင်း အရည်အစေးသဘော၊ ယင်းသဘောကိုပင် အာပေါဓာတ်[] ဆိုရသည်။

အာပေါ တခြား သဘော တခြား မဟုတ်။ သံတုံး, ကျောက်ခဲစသော ရုပ်ကလာပ်တို့ ပြန့်ကျဲမနေခြင်းသည် အာပေါဓာတ်က ပေါင်းစပ်ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်၏။ အာပေါဓာတ်လွန်လျှင် အရည်အစေး ဖြစ်ရ၏။ ယင်းအရည်အစေးကိုလည်း လွန်ဓာတ်ကိုစွဲ၍ အာပေါဟူ၍ပင် ဆိုရ၏။ ထို့ကြောင့် []စသော ပါဠိတော်တို့၌ သည်းခြေ သလိပ် စသည်တို့ကို အာပေါကောဋ္ဌာသ ၁၂ ပါးပြု၍ ဟောတော်မူသည်။ အစစ်မဟုတ်၊ အစစ်အာပေါကို ပကတိမျက်စိဖြင့် ကြည့်၍ မမြင်ရ၊ ဝိပဿနာမျက်စိဖြင့်ကြည့်မှ မြင်သည်။ သုခုမရုပ်ဖြစ်၍ တို့ထိ၍လည်း မရစကောင်း။ ကြံရည် စသည်တို့ကို ကျိုချက်၍ အခဲဖြစ်သွားရာ၌ “ခက်မာ”သဘော ပထဝီ အဓိကဖြစ်ပြီး “အရည်အစေး” သဘော အာပေါနှံ့သွားခြင်း ဖြစ်သည်၊ အာပေါမှ ပထဝီ ဖြစ်သွားသည် မဟုတ်။ အစိုင်အခဲ ကြေမွရာ၌လည်း “အရည်အစေး” သဘော အာပေါ အဓိက ဖြစ်ပြီး “ခက်မာ”သဘော ပထဝီ နုံ့သွားခြင်း ဖြစ်သည်၊ ပထဝီမှ အာပေါ ပြန်ဖြစ်လာသည် မဟုတ်။ အကျယ်ကို []တို့၌ ကြည့်။ []

သဘာဝနှင့် ဖွင့်ဆိုချက်

[ပြင်ဆင်ရန်]

ယိုစီးခြင်းသဘောဖြင့် ထိုထိုအရပ် (ကြွင်းဓာတ် ၃ ပါး) သို့ ရွေ့တတ်၊ ရောက်တတ်သည်ဟု ဆိုသည်။ [] ပျော့ပျောင်းစွတ်စိုသော အရည်သဘောဖြင့် သသမ္ဘာရပထဝီသို့ ပျံ့နှံ့စိမ့်ဝင်တတ်သည်ဟု ရှင်းပြသည်။ []

သသမ္ဘာရအာပေါသည် ပကတိရေ၏ ယိုစီးမှုဖြစ်ပြီး၊ ပညတ်မစင်သေးသော အာပေါဖြစ်သည်။ လက္ခဏအာပေါမှာ သန္တတိဃန၊ သမူဟဃန၊ ကိစ္စဃနပြိုကာ ပညတ်ကင်းစင်ပြီး၊ ကလာပ်တူ ရုပ်တရားများကို ဖွဲ့စည်းငြိကပ်စေသော ပရမတ်သဘောဖြစ်သည်။ []

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်

[ပြင်ဆင်ရန်]
  1. လက္ခဏာ= ယိုစီးခြင်းသဘော - ပျော့ပျောင်းစွတ်စိုသော အရည်သဘောဖြင့် ကလာပ်တူ ရုပ်တရားများသို့ ပျံ့နှံ့တတ်ခြင်း။
  2. ရသ= အတူဖြစ်သော ရုပ်တရားတို့ကို တိုးပွားစေခြင်း - သစ်ပင်၊ သတ္တဝါများ ကြီးထွားဝဖြိုးမှုကို ထောက်ပံ့ပေးသည်။
  3. ပစ္စုပဋ္ဌာန်= ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းခြင်းသဘော - ဉာဏ်တွင် ဖရိုဖရဲမကျဲအောင် ပေါင်းစည်းထားသည့် သဘောအဖြစ် ထင်လာသည် []
  4. ပဒဋ္ဌာန်= မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး (ပထဝီ၊ တေဇောဝါယော) - ၎င်းတို့၏ အထောက်အပံ့ဖြင့် ရပ်တည်ပြီး ကျေးဇူးပြုသည်။ []

အာပေါဓာတ်၏ ဆက်စပ်မှု

[ပြင်ဆင်ရန်]

ပထဝီ၏ တည်ရာကျေးဇူး၊ တေဇော၏ ရင့်ကျက်စေမှု၊ ဝါယော၏ ထောက်ကန်မှုဖြင့် အာပေါဓာတ်သည် ကလာပ်တူ ဓာတ် (၃)ပါးကို ဖွဲ့စည်းပေးသည်။ [၁၀] ထို့အတူ၊ သဟဇာတအညမညနိဿယ ပစ္စယသတ္တိများဖြင့် အာပေါဓာတ် ရပ်တည်နိုင်ပြီး၊ ရုပ်တရားများ တိုးပွားမှုကို ဆောင်ရွက်သည် [၁၁]။ ဥပမာ၊ သစ်ပင်ကြီးထွားရန် အာပေါရသရည်က ပထဝီ၊ တေဇော၊ ဝါယောတို့နှင့် ပူးပေါင်းပေးရသည်။[]

ရှုပွားနည်း

[ပြင်ဆင်ရန်]

ပထဝီဓာတ်နည်းတူပင် အာပေါဓာတ်ကိုလည်း မိမိ သိမ်းဆည်း ရှုပွားလိုသော ရုပ်ကလာပ်ကို ဓာတ်ခွဲလျက် ပရမတ် ရုပ်သဘောတရားများထဲမှ အာပေါဓာတ်ကို ရွေးထုတ်ပြီးလျှင် သိမ်းဆည်း ရှုပွားပါ။

  • သသမ္ဘာရအာပေါဖြင့် စတင်ခြင်း= သမာဓိမတည်မီ၊ သသမ္ဘာရအာပေါ (ရေ၊ သွေး၊ ချွဲ) ကို ရှု၍ စိတ်တည်စေရမည်။ ဥပမာ၊ ကိုယ်တွင်း သွေး၏ စွတ်စိုမှုကို အာပေါဟု ရှုရသည်။
  • လက္ခဏအာပေါသို့ ကူးပြောင်းခြင်း= သမာဓိအားကောင်းလာသောအခါ (ဥပစာရ သို့မဟုတ် အပ္ပနာ)၊ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြမ်း၍ လက္ခဏအာပေါကို ရှုရမည်။ ဥပမာ၊ စက္ခုဒသကကလာပ်ထဲမှ အာပေါဓာတ်၏ ယိုစီးမှုကို ပကတိစီးဆင်းမှုမဟုတ်ဘဲ၊ ကလာပ်တူ ရုပ်တရားများကို စွတ်စိုပျံ့နှံ့စေမှုအဖြစ် သိမြင်ရမည်။
  • လက္ခဏ-ရသ စသည်ဖြင့် ပိုင်းခြားခြင်း= အာပေါဓာတ်၏ ယိုစီးခြင်း၊ တိုးပွားစေမှု၊ ဖွဲ့စည်းမှု၊ ကျန်ဓာတ် (၃)ပါးနှင့် ဆက်စပ်မှုကို ဉာဏ်ဖြင့် ရှုရမည်။
  • ဓာတ်ညီမျှမှု ထိန်းညှိခြင်း= အာပေါလွန်ကဲ၍ ခန္ဓာစိုလေးလံလာပါက တေဇော သို့မဟုတ် ဝါယောကို ရှု၍ ညီမျှအောင် ထိန်းရမည်။ []

ရေ၊ ကမ္ဘာဖျက်မိုးရေ

[ပြင်ဆင်ရန်]

[၁၂]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. အာပေါဓာတု (ဣ) [အာပ+ဓာတု။ အာပေါ စ တံ နိဿတ္တသုညတသဘာဝဋ္ဌေန ဓာတု စာတိ အာပေါဓာတု။ အဘိ၊ဋ္ဌ၊၁၊၃၆၈။] အာပေါဓာတ်၊
  2. အဘိ၊ဝိ၊၈၄။ မ၊၁၊၂၄၄။ မ၊၂၊၈၅။ မ၊၃၊၂၁၄။
  3. အဘိ၊ဋ္ဌ၊၁၊၃၇၁။ မူလ-ဋီ၊၁၊၁၅၄-၅။ အနုဋီ၊၁၊၁၆၇-၈-
  4. အာဗန္ဓန, အာဗန္ဓနဓာတု, အာဗန္ဓနာကာရ-တို့လည်း ကြည့်။(က) အာပေါဓာတူတိ အာဗန္ဓနဓာတု။ အဘိ၊ဋ္ဌ၊၂၊၅၂။ မ၊ဋ္ဌ၊၄၊၆၃။ အံ၊ဋ္ဌ၊၂၊၁၅၉။ သံ၊ဋ္ဌ၊၂၊၁၄၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၂၇။ အာပေါဓာတုယာ ပဂ္ဃရဏလက္ခဏံ။ ဒီ၊ဋ္ဌ၊၁၊၆၂။ မ၊ဋ္ဌ၊၁၊၅၀။ အံ၊ဋ္ဌ၊၁၊၈၃။ ဥဒါန၊ဋ္ဌ၊၁၀၃။ မဟာနိ၊ဋ္ဌ၊၁၅၅။ ပဋိသံ၊ဋ္ဌ၊၁၊၁၉၂။ ယာအာဗန္ဓနတာ၊ သာ အာပေါဓာတု။ ခုဒ္ဒက၊ဋ္ဌ၊၆၁။ (အဘိ၊ဓ၊၁၄၇၊ ၁၅၄၊ ၁၇၁။ မ၊၁၊၂၄၄။ မ၊၂၊၈၅။ မ၊၃၊၂၈၄၊ ၃၀၄။ အံ၊၁၊၁၇၆။ သံ၊၁၊၃၇၉။ မ၊ဋ္ဌ၊၁၊၃၁၊ ၇၅။ အံ၊ဋ္ဌ၊၃၊၁၀၉၊ ၃၅၂။ အဘိ၊ဋ္ဌ၊၁၊၁၂၄၊ ၁၂၉။ ဝိသုဒ္ဓိ၊၁၊၃၄၄-၅-၇။ ဝိသုဒ္ဓိ၊၂၊၁၁၇။ စူဠနိ၊ဋ္ဌ၊၁၂၉။ သာရတ္ထ၊၁၊၂၈၁။ မ၊ဋီ၊၁၊၃၅၈။ မ၊ဋီ၊၂၊၁၉၅။ မ၊ဋီ၊၃၊၆၃။ သံ၊ဋီ၊၂၊၂၇၂၊ ၄၆၂။ မူလဋီ၊၁၊၁၅၄။ အနုဋီ၊၁၊၁၆၀။ အနုဋီ၊၂၊၃၇၊ ၅၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၃၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၀၆။ နေတ္တိ၊ဋီ၊၆၇။ နေတ္တိ၊ဝိ၊၁၅၇။)
  5. ဝိဿန္ဒနဘာဝေန တံ တံ ဌာနံ အပ္ပေါတိ (ပပ္ပေါတီ)တိ အာပေါ။ ကမ္မသမုဋ္ဌာနာဒိဝသေန နာနာဝိဓေသု အာပေသု ဂတန္တိ အာပေါဂတံ။ ကိံ တံ? အာပေါဓာတုယာ အာဗန္ဓနလက္ခဏံ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)
  6. ဝိဿန္ဒနဘာဝေနာတိ ပဂ္ဃရဏသဘာဝေန။ အပ္ပေါတီတိ ဝိသရတိ။ ပပ္ပေါတီတိ ပါပုဏာတိ၊ သသမ္ဘာရအာပဝသေန စေတံ ဝုတ္တံ။ သော ဟိ ဝိဿန္ဒနဘာဝေန သသမ္ဘာရပထဝီသင်္ခါတံ တံ တံ ဌာနံ ဝိသရတိ ပါပုဏာတိ စ၊ လက္ခဏာပဝသေနေဝ ဝါ။ သောပိ ဟိ သဟဇာတ-အညမည-နိဿယာဒိပစ္စယတာယ သေသဘူတတ္တယသင်္ခါတံ တံ တံ ဌာနံ ဒြဝဘာဝသိဒ္ဓေန ဝိဿန္ဒနဘာဝေန အာဗန္ဓတ္တံ, အာသတ္တတ္တံ, အဝိပ္ပကိဏ္ဏဉ္စ ကရောန္တံ အပ္ပေါတိ ပပ္ပေါတီတိ ဝတ္တဗ္ဗတံ အရဟတီတိ။ (မဟာဋီ၊၁၊၄၃၀။)
  7. ၇.၀ ၇.၁ ၇.၂ နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ - ဖားအောက်တောရဆရာတော်
  8. (ဝိသုဒ္ဓိ၊ ၁၊ ၃၄၆)
  9. ၁။ အာပေါဓာတု ပဂ္ဃရဏလက္ခဏာ၊ ၂။ ဗြူဟနရသာ၊ ၃။ သင်္ဂဟပစ္စုပဋ္ဌာနာ၊ ၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)
  10. အာပေါဓာတု ပထဝီပတိဋ္ဌိတာ တေဇောအနုပါလိတာ ဝါယောဝိတ္ထမ္ဘိတာ တိဏ္ဏံ မဟာဘူတာနံ အာဗန္ဓနံ ဟုတွာ ပစ္စယော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၅။)
  11. (မဟာဋီ၊ ၁၊ ၄၃၀)
  12. (ခ) အာပေါဓာတူ (သံ၊၁၊၄၂၃)တိ ပထဝီတော ပဋ္ဌာယ ယာဝ သုဘကိဏှာ ဗြဟ္မလောကာ ဥဂ္ဂတံ ကပ္ပဝိနာသကံ ဥဒကံ။ သံ၊ဋ္ဌ၊၂၊၁၈၈။